Showing posts with label Education in Japan. Show all posts
Showing posts with label Education in Japan. Show all posts

Friday, February 12, 2010

ဂျပန် အထက်တန်းကျောင်းသို့ တစ်ခေါက်

ကျွန်မဟာ ဂျပန်ကိုရောက်ပြီး အလယ်တန်းနဲ့ အထက်တန်းကျောင်းသားလေးတွေကို စိတ်ဝင်စား နေခဲ့မိပါတယ်။
ဘာလို့လဲဆိုတဲ့ သူတို့ရဲ့ စကားပြောဟန်၊ ၀တ်ဆင်ထားတဲ့ ကျောင်းယူနီဖောင်း လေးတွေက စပြီး စိတ်ဝင်စားနေမိခဲ့တာပါ။ သူတို့လေးတွေကို ရထားပေါ်၊ ဘစ်ကားပေါ်၊ ဘစ်ကားမှတ်တိုင် စတဲ့ နေရာတွေမှာ တွေ့တဲ့ အခါတိုင်း သတိထားကြည့်မိပါတယ်။ မိန်းကလေးတွေ အများစုကတော့ အချင်းချင်းစကားတွေများပြီး ရယ်မောနေတတ်ကြတယ်။ များသောအားဖြင့် ယောကျာင်္းလေးတွေကတော့ အလွန်ပဲ တိတ်တိတ် ဆိတ်ဆိတ်ရှိကြတယ်။ မိန်းကလေးတွေကတော့ သူတို့ရဲ့လက်ကိုင်ဖုန်းလေးတွေကိုကြည့်၊ အချင်းချင်း လက်ကိုင်ဖုန်းကိုပြကြ ကြည့်ကြ နဲ့ သဘောကျနေတတ်ကြတယ်။

ကျွန်မအနေနဲ့ ဂျပန်က အထက်တန်းကျောင်းသား၊ ကျောင်းသူလေးတွေနဲ့ စကားပြောဖူးတာကတော့ တက္ကသိုလ်မှာ တစ်နှစ်တစ်ခါ ပြုလုပ်တဲ့ open campus မှာတုံးကပါ။ အဲဒီအချိန်မှာ သူတို့လေးတွေဟာ တက္ကသိုလ် ၀င်ခွင့် မဖြေမီ တက္ကသိုလ်က ဘာသာရပ်အသီးသီးကို လာရောက်လေ့လာကြတာဖြစ်ပါတယ်။
ကျွန်မလဲ ဒီမှာ ဟိုစပ်စပ် ဒီစပ်စပ် volunteer ၀င်လုပ်ဖူးလေတော့ ကျွန်မဆီကို mail ရောက်လာပါတယ်။
အထက်တန်းကျောင်းကိုသွားပြီး ကိုယ်ရဲ့ အထက်တန်းကျောင်းသားဘ၀အတွေ့အကြုံ တွေကို ဆွေးနွေး၊ ဖလှယ်တဲ့ ပွဲမှာ volunteer လိုနေလို့ပါတဲ့။ ဒါနဲ့ ကျွန်မလဲ ဂျပန်ကအထက်တန်းကျောင်းကို ရောက်ဖူးချင်တာနဲ့ လုပ်ဖြစ်သွားတယ်ပေါ့။

သတ်မှတ်ထားတဲ့ရက် ဘူတာရှေ့မှာ လူစုကြ၊ အုပ်စု (၄)စုခွဲပြီး ကျွန်မနေတဲ့ မြို့ကနေ ကားနဲ့ သွားရင် တစ်နာကျော်ကျော်လောက် ဝေးတဲ့ ကကုဒါမြို့ကို ထွက်ခွာခဲ့ကြပါတယ်။ ကျောင်းရောက်တော့ တာဝန်ကျ ဆရာက ကြိုဆိုပြီး ကျောင်းဆောင်ထဲကို ခေါ်သွားပါတယ်။ ကျောင်းဆောင်အ၀င်ဝမှာ ဖိနပ်ထည့်တဲ့ စင်လေးတွေရှိပြီး slipper လေးတွေချထားပေးပါတယ်။ ကျောင်းသား၊ ကျောင်းသူတိုင်းဟာ ကျောင်းဆောင်ထဲကို ၀င်တော့မယ်ဆိုရင် သတ်မှတ်ထားတဲ့ ဖိနပ်စင်မှာ ဖိနပ်ချွတ်ထားခဲ့ရပြီး slipper လေးတွေ လဲလှယ်စီးပြီးမှာ အထဲကို ၀င်ကြရပါတယ်။ ကျွန်မတို့တွေလဲ သူတို့စည်းကမ်းအတိုင်း slipper လေးတွေ လဲစီးပြီး အထဲကို ၀င်ကြ ရတာပေါ့ ။ တစ်ချို့ ခြေထောက်ကြီးတဲ့ နိုင်ငံခြားသားကျောင်းသားတစ်ချို့ဆို slipper ကငယ်နေပြီး၊ ကြမ်းပြင်ကလဲ ချောနေတာမို့ လမ်းလျှောက်ရခက်နေကြပါတယ်။ ကျောင်းဆောင်ထဲမှာ တော့ သပ်ရှင်းသပ်ရပ်လို့နေပါတယ်။ နိုင်ငံခြားသာ ဆရာကြီးတစ်ယောက်နဲ့ ဂျပန်ဆရာတစ်ယောက် အတန်းထဲမှာ စာသင်နေတာကို တွေ့ခဲ့ရတယ်။ အင်္ဂလိပ်စာ သင်နေပုံ ရပါတယ်။

ကျွန်မတို့အဖွဲ့ကို အတန်းလွတ် တစ်ခုထဲမှာ နေရာချပေးပြီး ဆရာကြီး တစ်ယောက်က အင်္ဂလိပ်လို နှုတ်ဆက်စကား ပြောဆိုပါတယ်။ ဆရာကြီးရဲ့ အင်္ဂလိပ်အသံထွက်ဟာ အလွန်ကောင်းတဲ့အတွက် ကျွန်မတို့အဖွဲ့က သဘောကျ သြဘာပေးခဲ့ကြတယ်။ အဲဒီ ဆရာကြီးက သူဟာ ဒီကျောင်းမှာ အင်္ဂလိပ်စာ သင်တဲ့ ဆရာဖြစ်ကြောင်း ပြောပြပါတယ်။ သူကပဲ ကကုဒါ အထက်တန်းကျောင်း အကြောင်းအင်္ဂလိပ်လို ရှင်းပြပြီး ဒီနေ့လာရောက်တဲ့အတွက် အားလုံးကိုကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။ ကကုဒါ အထက်တန်းကျောင်းဟာ အမေရိကားက ကျောင်းတစ်ကျောင်းရဲ့ တွဲဖက်အထက်တန်းကျောင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား ၁၀ယောက်ခန့် ကို အမေရိကားသို့short-term training အနေနဲ့ ပို့တယ်လို့ သိရပါတယ်။ ကျောင်းသား စုစုပေါင်း ၅၅၀ ၊ ဆရာနဲ့ ၀န်ထမ်းအင်အား ၄၀ ရှိပါတယ်တဲ့။

အဲဒီနောက် အဖွဲ့(၄) ဖွဲ့ ခွဲပြီး (၂)ဖွဲ့စီဟာ ခမ်းမကျယ်ကြီး တစ်ခုစီဆီကို သွားကြရပါတယ်။ ကျွန်မတို့ နိုင်ငံခြားသား ကျောင်းသား ၅ ယောက်ပါတဲ့ အဖွဲ့ဟာ အထက်တန်းကျောင်းသူလေး ၅ ယောက်၊ ဆရာ ၁ ယောက်နဲ့ တစ်ယောက်ခြားစီ ထိုင်ကြပါတယ်။ ထိုင်ပြီး နားထောင်တဲ့ ကျောင်းသားတွေကလည်း အယောက် ၉၀ လောက်ရှိမယ်ထင်ပါတယ်။ ကျွန်မတို့အဖွဲ့မှာ ဆွီဒင်၊ ပီရူး၊ တရုတ်၊ အင်ဒိုနီးရှား နဲ့ မြန်မာ ပါပါတယ်။ ပထမဆုံး ကိုယ့်အကြောင်းကိုယ် မိတ်ဆက်ပြီး ပထမအပိုင်း အနေနဲ့ အထက်တန်းကျောင်းတွေရဲ့ စည်းမျဉ်းစည်းကမ်း၊ ပျော်ရွှင်စရာပွဲတော် များအကြောင်း ဆွေးနွေးဖလှယ်ကြပါတယ်။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောကြတာပါ။ အဓိကရည်ရွယ်ချက်ကတော့ ဂျပန် အထက်တန်း ကျောင်းသားလေးတွေကို ကျွန်မတို့လို နိုင်ငံခြားသားပညာသင်တွေနဲ့ ပေးတွေ့ပြီး Motivation တက်စေချင်တဲ့ သဘောလဲ ပါမယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ သူတို့ ပြောပြတဲ့ အကြောင်းအရာလေးတွေကိုပဲ မှတ်မိသလောက် အလေးပေး ရေးသွားပါမယ်။
ဂျပန်အထက်တန်း ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ ဆံပင်ကို အရှည်ကြီးမထားရဘူး။ များသော အားဖြင့် သူတို့ ဆံပင်ပုံလေးတွေဟာ ကုတ်ဝဲလေးတွေ ပုံစံတူပါပဲ။ နောက်ပြီး ဆေးမဆိုးရပါဘူးတဲ့။ သူတို့ ကျောင်းတွေမှာ ရာ့ခရူး(ဂျပန် ဘေ့စ်ဘော)၊ ဘောလုံး၊ ကရာတေး၊ ဂျူဒို၊ မျှားပစ် စသဖြင့် ကလပ်အသင်းတွေရှိပြီး ကျောင်းသားတိုင်းဟာ အနည်းဆုံးအသင်းတစ်ခုကိုဝင်ပြီး အားကစားလုပ်ကြရတယ်လို့ ဆိုပါတယ်။ ကျောင်းသားပွဲတော်လဲရှိပြီး အဲဒီပွဲတော်မှာ Miss, Mister contest၊ ဈေးဆိုင်တွေ၊ စကားပြောပြိုင်ပွဲတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဆရာတစ်ယောက်က ကျွန်မတို့ကိုမေးပါတယ်။ ဂျပန်က အထက်တန်းကျောင်းနဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကို တွေ့ရတဲ့ အခါ အံ့သြစရာကောင်းတဲ့ အချက်ရှိပါသလားတဲ့။
ကျောင်းဆောင်အ၀င်မှာ slipper လဲစီးရတာ၊
ကျောင်းသူလေးတွေရဲ့ ကျောင်းယူနီဖောင်းစကဒ် အလွန်တိုတာ၊
အထက်တန်းကျောင်းသူ ကျောင်းသား အများစုမှာ hand phone လေးတွေကိုယ်စီ ရှိကြတာ .....အဲဒါတွေက ကျွန်မတို့ရဲ့ အဖြေတွေပဲဖြစ်ပါတယ်။


နောက်ဒုတိယပိုင်း ဆက်ပြောဖြစ်ကြတဲ့ အကြောင်းကတော့ အနာဂတ်ရဲ့ အိပ်မက်နဲ့ မိမိရဲ့ အထက်တန်းကျောင်းသား ဘ၀တုံးက အိပ်မက် ဖြစ်ပါတယ်။ သူတို့လေးတွေမှာ အနာဂတ်ရဲ့ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ ဥပမာ...အောင်မြင်တဲ့ ဘေ့စ်ဘောကစားသမား၊ အိုလံပစ်ချန်ပီယံ၊ ကျောင်းဆရာ၊ တီဗွီအစီအစဉ်မှာ နာမည်ကြီးတဲ့သူ စသဖြင့် စသဖြင့်ပေါ့။ နိုင်ငံခြားသို့သွားပြီး ပညာသင်ချင်တဲ့ သူတွေရှိလားလို့ မေးခဲ့ပေမဲ့လည်း တစ်ယောက်၊ နှစ်ယောက်လောက်သာ လက်ထောင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက အထက်တန်ွးပညာရေးဟာ ၃ နှစ်တက်ရပြီး တတိယနှစ်ကျမှ ကိုယ်စိတ်ဝင်စားရာ ၀ိဇ္ဖာ၊ သိပ္ပံ ဘာသာရပ်ကို ရွေးချယ်သင်ယူခွင့် ရှိပါတယ်တဲ့။ အထက်တန်း စာသင်နှစ် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ ဒီကျောင်းသားဟာ ဘယ်ဘာသာရပ်ကို စိတ်ဝင်စားတယ် ဆိုတာကို ဆရာတွေက စောင့်ကြည့် လေ့လာပြီး တတိယနှစ်မှာ အတည်ပြုနိုင်တယ်လို့ သိရပါတယ်။

Positive ဆောင်တဲ့ စကားမျိုး၊ အကြောင်းအရာမျိုးတွေ ပြောပြပေးပါလို့ ကျွန်မတို့ နိုင်ငံခြားကျောင်းသား အဖွဲ့ကို request လုပ်ထားတာရှိတဲ့ အတွက် ကျွန်မလဲ ကျွန်မရဲ့ အထက်တန်းကျောင်းသူ ဘ၀က အိပ်မက်ကို ပြောပြခဲ့ပါတယ်။ အဖေအမေက ဆရာဝန်တွေဖြစ်လို့ ဆရာဝန်ဖြစ်ချင်ခဲ့တဲ့အကြောင်း၊ ဒါပေမယ့် ကျွန်မတို့ နိုင်ငံမှာ တက္ကသိုလ် ၀င်ခွင့်ကို အထက်တန်းအောင်မြင်တဲ့ အမှတ်နဲ့ ဆုံးဖြတ်လို့ ကြိုးစားခဲ့ပေမဲ့လည်း အခြေအနေ အကြောင်းကြောင်းကြောင့် အမှတ်မမှီလို့ ဆေးတက္ကသိုလ်သို့ မတက်ရောက်နိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ စိတ်ပျက်အားမလျှော့ပဲ ကိုယ်ရွေးချယ်ခွင့်ရတဲ့ သိပ္ပံဘာသာရပ်မှာ ထူးချွန်အောင်ကြိုးစားရင်း ဂျပန်ကနေ ဘွဲ့ရရင် ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး တက္ကသိုလ်မှာ ဆရာမကြီးလုပ်မှာ ဖြစ်ကြောင်း၊ ဂျပန်မှာက ကျွန်မတို့နိုင်ငံမှာလိုမဟုတ်ပဲ ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတဲ့အတွက် သွားနိုင်တဲ့ (ရွေးချယ်လို့ရတဲ့) လမ်းကြောင်းတွေက အမျိုးမျိုးရှိတဲ့အတွက် မိမိရည်ရွယ်ချက်အတိုင်း မဖြစ်ခဲ့ရင်လဲ စိတ်ပျက်အားငယ်ရန် မလိုပဲ၊ ကြိုးစားရင်အောင်မြင်မှာ ဖြစ်တဲ့အကြောင်း ပြောပြခဲ့ပြီး ပျော်ရွှင်ခဲ့ပါတယ်။

Sunday, May 17, 2009

သူတို့......ချမ်းသာလိုက်ပုံများ

ပြီးခဲ့တဲ့ မတ်လက conference တက်ဖို့ တိုကျို မှာရှိတဲ့ တက္ကသိုလ်တစ်ခုကို ရောက်ခဲ့ပါတယ်။ Rikkyo University ဖြစ်ပါတယ်။ ဂျပန်မှာ National University နဲ့ Private University ဆိုပြီးရှိပါတယ်။ Rikkyo University ကတော့ Private University ဖြစ်ပြီး Ikebukuro မြို့လယ်မှာ တည်ရှိပါတယ်။

Campus ထဲမှာ ကြီမားခိုင်ခံလှပတဲ့ ရှေးဟောင်း အဆောက်အဦးတွေ အများကြီးတွေ့ရတယ်။ တက္ကသိုလ် တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၃၅ နှစ် ပြည့်တော့မယ် သိရပါတယ်။ စာတမ်းဖတ်ကြားတဲ့ အခန်းတွေထဲက ကိုယ့်နဲ့ ပတ်သက်တဲ့၊ စိတ်ပါဝင်စားတဲ့ အခန်းတွေ ကိုရွေးချယ်ပြီး သွားရောက် နားထောင်ကြပါတယ်။ ပထမဆုံးရက် မနက်ပိုင်း ကျွန်မသွားခဲ့တဲ့ အခန်းတွေ (Lecture Room) က ပုံမှန် အခန်းတွေဖြစ်ပေမဲ့ နောက်တစ်ရက်မှာ ရောက်သွားခဲ့တဲ့ Lecture Room ကတော့ ကျွန်မကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။

ကျယ်ဝန်းလှတဲ့ အခန်းကျယ်ကြီးထဲမှာ လူတစ်ဦးစီအတွက် စားပွဲခုံနဲ့ ကုလားထိုင် တစ်လုံးစီ ရှိပြီး စားပွဲရဲ့ အဖုံးကို လှန်ကြည့်လိုက်ရင် Laptop တစ်လုံး ရှိတယ်။ Internet connection လဲရတယ်။ နားကြပ်လဲရှိတယ်။
စားပွဲတိုင်းမှာ Laptop တစ်လုံးစီရှိတာ။ ရေတွက်ကြည့်လိုက်တော့ စုစုပေါင်း ၁၈၀ လုံးတောင်...


အဲဒီလိုမျိုး Lecture Room တွေက ဒီတစ်ခန်းထဲ မဟုတ်ပါတဲ့။ ဘယ်နှစ်ခန်းရှိလဲတော့ မသိခဲ့ဘူး။
သူတို့...ချမ်းသာလိုက်ပုံများ နော်...

Friday, December 19, 2008

Sendai08

Last few days, I participated in this International symposium at Tohoku University, Sendai.
I think I had a good chance to participate in such an Intern'l symposium without needing to go outside of JPN.
Now, you can imagine what I am studying.
But I am not a strange human being. :D
As for me, poster presentation is the more difficult and fatigue job comparing to formal speech presentation. Well, I had to explain to the audience for more than one hour.At that Symposium, I met with a retired professor (Prof.Dr.Y.Akaishi) who has been to Myanmar many times for seminars, International workshop, International winter-school and lectures at Mandalay University. We were very happy to meet with each other again. He is going to go to Myanmar in next year's February to give lectures. No wonder that he has been using his own money to go to Myanmar. I felt gratitude of him for sharing his knowledge and experience to the students of Mandalay University .

He is one of the famous persons in his specialize field of science and has been publishing many papers. Although he has retired already, he is still doing research, publishing papers and working as an Emeritus Professor at RIKEN.

I received a "Proceedings of the Japan Academy" which includes his published paper, with his signature on it, for the rememberance. I am very proud of receiving this journal from such a great scientist.

Wednesday, October 1, 2008

သူတို့ဆီက Open Campus

ဂျပန်က တက္ကသိုလ်တွေမှာ တစ်နှစ်တစ်ခါ Open campus ဆိုတဲ့ အစီအစဉ် ကိုလုပ်ကြတယ်။
Open campus ဆိုတာဘာလဲ ဆိုတော့ အထက်တန်း ကျောင်းသူ၊ ကျောင်းသားလေးတွေဟာ တက္ကသိုလ် အသီးသီးကို သွားပြီး လေ့လာရေး ကွင်းဆင်းခွင့် ရကြတာပါ။

ဂျပန်မှာ အထက်တန်းက (၃) နှစ်တက်ရပြီး အများအားဖြင့် အထက်တန်း ဒုတိယနှစ်နဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေက Open campus ကိုလာလေ့လာကြတယ်။ သူတို့တွေဟာ အထက်တန်းကျောင်း အောင်ပြီးရင် ဘယ်ဘာသာရပ် ကိုရွေချယ်ပြီး တက္ကသိုလ် ၀င်ခွင့်ဖြေမယ် ဆိုတာကို ဆုံးဖြတ်နိုင်ဖို့၊ မိမိ ကိုယ်တိုင် စိတ်ပါဝင်စားပြီး သင်ယူလေ့လာချင်တဲ့ ဘာသာရပ်ကို ရွေးချယ်နိုင်ဖို့အတွက် ဒီOpen campus ဆိုတဲ့ အစီအစဉ်ကို တက္ကသိုလ်တွေက (၂)ရက်တိတိ ပြုလုပ်ပေးတာလေ။

အဲဒီ Open campus အတွက် တက္ကသိုလ်မှာ ရှိတဲ့ ဌာနအသီးသီးဟာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရတယ်။
အဲဒီအတွက် ဆရာတစ်ယောက်က တာဝန်ယူရပြီး တာဝန်ယူရတဲ့ ဆရာက ဌာနမှာ ရှိတဲ့ ဘွဲ့လွန်ကျောင်းသားတွေကို ဘာတွေဘယ်လို ပြင်ဆင်သင့်တယ် ဆိုတာ အကြံပေး ကြီးကြပ်ကွပ်ကဲ ရတာပဲ။
ဒီနှစ်မှာလဲပဲ ကျွန်မတို့ ဌာနက Open campus အတွက် တစ်လလောက်ကြိုတင်ပြီး ပြင်ဆင်ခဲ့ကြတယ်။ ကျွန်မတို့ Lab က Theoretical Lab ဖြစ်တဲ့အတွက် အထက်တန်းအဆင့် နာလည်နိုင်မဲ့ ဘာသာရပ်နဲ့ပတ်သက်တာတွေကို ဆွေးနွေးတိုင်ပင်ကြပြီး Poster တွေနဲ့ ကလေးတွေ စိတ်ဝင်စားမဲ့ Quiz လေးတွေ ဖန်တီးခဲ့ကြတယ်။ Experimental Lab တွေကလဲ လက်တွေ့ခန်းအသေးလေးတွေ၊ စက်ပစ္စည်း ကိရိယာတွေ ပြင်ဆင်ကြ ၊ Poster တွေ၊ လက်ကမ်းစာစောင်တွေ ပြင်ဆင်ကြနဲ့ အားလုံးလိုလို မအားကြရပါဘူး။

အဲဒီလို လုပ်ဆောင်ခဲ့ရတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ပူးပေါင်းလုပ်ဆောင်မှု နဲ့ မိမိရဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ရှိအောင် တင်ပြရှင်းလင်းနိုင်မှု စတဲ့ အရည်အချင်းတွေကို တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသားတွေ အနေနဲ့ ရခဲ့တဲ့ အခွင့်အရေးကောင်း တစ်ခုပါပဲ။

ဒီလိုနဲ့ Open campus နေ့ကိုရောက်လာပါပြီ။ ကျွန်မတို့လဲ ဌာနကို အချိန်မှီ သွားရောက်ရပြီး ကျောင်းသားလေးတွေ လာရင် အဆင်သင့်ဖြစ်နေဖို့ ပြခန်းကို ပြင်ဆင်ထားရပါတယ်။ ကျွန်မတို့ တက္ကသိုလ်နဲ့ နီးတဲ့ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ ကျောင်းအသီးသီးက အထက်တန်း ကျောင်းသား လေးတွေဟာ ကျောင်းဝတ်စုံလေးတွေ အသီးသီး ၀တ်ဆင်ထားကြပြီး ဘစ်ကားကြီးတွေနဲ့ ရောက်လာကြပါပြီ။

Campus ရဲ့အ၀င်ဝမှာ ကြိုဆိုရေး အဖွဲ့ရှိပြီး အဲဒီအဖွဲ့ကနေ campus ရဲ့ လမ်းညွှန်မြေပုံ နဲ့ ပြခန်းပြင်ဆင်ထားမဲ့ အခန်းနံပါတ် တွေပါတဲ့ စာရွက်လေးတွေ စသဖြင့် ဝေငှပေးပြီး ကျောင်းသားလေးတွေ အတွက်လိုအပ်တဲ့ လမ်းညွန်မှု တွေကို လုပ်ဆောင်ပေးတယ်။ အဲဒီနေရာမှာ မေးခွန်း(၅)ပုဒ်ပါတဲ့ စာရွက်လေးတစ်ရွက်လဲ ပါတယ်လေ။ ကျောင်းသားလေးတွေဟာ အဲဒီမေးခွန်း (၅)ပုဒ်ကို ဖြေနိုင်ဖို့အတွက် အနည်းဆုံး ဌာန(၅)ခုကို သွားရောက်လေ့လာရမှာ ဖြစ်တယ်။ ကောင်းတဲ့ အစီအစဉ်တစ်ခုပဲ ချောင်ခိုနေလို့မရတော့ဘူးပေါ့။ တစ်ချို့ ကျောင်းသားလေးတွေဟာ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ စသဖြင့် အုပ်စုဖွဲ့ ပြီး သွားကြသလို တစ်ချို့ ကလဲ တစ်ယောက်တည်းပဲ ဌာနပေါင်းစုံ လိုက်ပြီး လေ့လာကြတာ တွေ့ရတယ်။

Poster တွေ၊ စက်ပစ္စည်းတွေ ခင်ကျင်းပြသထား တဲ့ ပြခန်းအသီးသီးမှာ တာဝန်ရှိ ဘွဲ့လွန်ကျောင်းသားတွေဟာ တစ်ဖွဲဖွဲ ရောက်ရှိလာကြတဲ့ အထက်တန်း ကျောင်းသားလေးတွေကို နားချိန်၊ ထမင်းစားချိန်ပင်မရှိပဲ အားတက်သရော ရှင်းလင်းပြသကြတယ်။ အထက်တန်း ကျောင်းသားတွေအပြင် undergraduate တက္ကသိုလ်ကျောင်းသားတွေ ကပါ မိမိတို့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ပြခန်းတွေကို လာရောက်ကြည့်ရှု လေ့လာကြတာ တွေ့ရတယ်။

အထက်တန်းကျောင်းသားလေးတွေ အနေနဲ့လဲ မိမိတို့ ကြိုက်နှစ်သက်ရာ ဘာသာရပ်ဌာန အသီးသီးကို သွားရောက် လေ့လာခွင့်ရပြီး မသိနားမလည်တာတွေကို မေးမြန်းနိုင်ကြတယ်။ မနက်ပိုင်းကနေစပြီး ညနေပိုင်း အချိန်အထိ တစ်နေရာဝင် တစ်နေရာထွက်နဲ့ စိတ်ပါဝင်စားစွာ ၀င်ရောက်နားထောင် ကြည့်ရှုကြတာ တွေ့ရတယ်။ သူတို့လေးတွေဟာ တက္ကသိုလ် ကျောင်းတော်ကြီး ကိုလာရောက်ခွင့်ရတဲ့ အတွက် ပျော်ရွှင် တက်ကြွနေကြတာပေါ့။

ဒီလိုနဲ့ သူတို့လေးတွေဟာ အထက်တန်း အောင်မြင်ပြီး တဲ့နောက် မိမိ စိတ်ပါဝင်စားတဲ့ ဘာသာရပ်ကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိကြတယ်လေ။ ဘယ်ဘာသာရပ်မဆို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုကြရတယ်။ အထက်တန်းမှာ ခြေချော်လက်ချော် ဖြစ်သွားလို့ ကိုယ်သင်ယူလေ့လာချင်တဲ့ ဘာသာရပ်ကို မသင်ယူနိုင်မှာ မပူရပါဘူး။ နောက်ပြီးတော့ ဘွဲ့တစ်ခုရပြီးမှ (ဒါမှမဟုတ်) ကိုယ်ကြိုက်တဲ့ အချိန်တစ်ခုမှာ နောက်ထပ်ဘာသာရပ်တစ်ခုကို စိတ်ဝင်စားပြီး လေ့လာချင်တယ် ဆိုရင်လဲ တက္ကသိုလ်ဝင်ခွင့် ထပ်ဖြေ၊ တက္ကသိုလ် ပထမနှစ်က ပြန်စပြီး တက်နိုင်တဲ့ အခွင့်အရေးလဲ ရှိတယ်လေ။ အဲဒီတော့ ဘာသာရပ် ရွေးချယ်မှု မှားယွင်းခဲ့လို့ စိတ်မ၀င်စားပဲ သင်ယူနေရတဲ့ အဖြစ်မျိုးလဲ မရှိတော့ပါဘူး။

Posts with same label

Related Posts with Thumbnails