သူငယ်ချင်း တစ်ယောက်ရဲ့ forward mail ကနေတစ်ဆင့် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထေရ၀ါဒဗုဒ္ဓဘာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းပေါ်ထွန်းလာတော့မယ် ဆိုတာ သိခဲ့ရပါတယ်။ ဂျပန်နိုင်ငံမှာ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဆိုလို့ ဂျပန်နိုင်ငံ တောင်ပိုင်း Kyushu မြို့မှာ ကမ္ဘာအေးစေတီတော်နဲ့ အတူ တည်ရှိတယ်လို့ သိရပါတယ်။
မြို့တော်တိုကျိုမှာ အလုပ်လုပ်နေကြသူ၊ ကျောင်းတက်နေကြသူ မြန်မာလူမျိုးတွေ မြောက်မြားစွာ ရှိပေမဲ့ ဘုန်းတော်ကြီးကျောင်း အင်္ဂါရပ် နဲ့ ပြည့်စုံတဲ့ မြန်မာဘုန်းကြီးကျောင်းရယ်လို့ မရှိခဲ့ပါဘူး။
အခုလို တိုကျိုမြို့မှာ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ကျောင်းပေါ်ပေါက်လာတော့မယ် ဆိုတာ သိရလို့ ၀မ်းမြောက်မိပါတယ်။
ဘုန်းတော်ကြီးကျောင်းတိုက် နေရာအတွက် (၃)ထပ်အဆောက်အဦ တစ်ခုကို ၀ယ်ယူရန် စရန်သတ် ထားပြီးပြီလို့ သိရပါတယ်။ အလှူငွေ ယန်းသောင်း၁၅၀၀ ရရှိပြီးဖြစ်ပြီး ယန်းသောင်း၂၀၀၀ခန့် ထပ်မံ လိုအပ်နေပါတယ်။ ၂၀၀၉ ဇန်န၀ါရီ ၃၁ရက် နောက်ဆုံးထားပြီး ငွေပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အကြောင်းအရာ အသေးစိတ်ကို အောက်က Pamphlet မှာဖတ်နိုင်ပါတယ်ရှင်။
ဒီအကြောင်းကို မသိရှိကြသေးတဲ့ စာဖတ်သူများလဲ သိရှိပြီး ကြုံကြိုက်တုန်းမှာ သဒ္ဓါတတ်အား နည်းများမဆို ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ဖို့ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ယောက်ဆီမှာ ခွင့်တောင်းပြီး အဲဒီဘုန်းကြီးကျောင်းနဲ့ ပါတ်သက်တဲ့ သတင်းလေးကို ဖော်ပြပေးပါရစေ။


No comments:
Post a Comment