Friday, January 23, 2009

Thesis တစ်စောင် ဘယ်လိုရေးမလဲ(၂)

ဘွဲ့လွန်ကျမ်းတစ်စောင်၏ ယေဘုယျ ပုံစံ

အခန်း ၁။ နိဒါန်း (Introduction)

ပထမဆုံး အခန်းသည် ဘွဲ့လွန်ကျမ်းတွင်ပါဝင်မည့် အခန်းကဏ္ဍတစ်ခုချင်း၏ အကြောင်းအရာများကိုသာ ဖော်ပြရုံမျှသာမဟုတ်ပဲ ဘွဲ့လွန်ကျမ်း၏ အကြောင်းအရာတစ်ခုလုံးကို ခြုံငုံဖော်ပြရမည့် အခန်းကဏ္ဍတစ်ရပ်ပင် ဖြစ်သည်။ သင်၏ ဘွဲ့လွန်စာတမ်း ကဖြေရှင်းပေးမည့် မေးခွန်း(သို့) ပြဿနာ အား အကျဉ်းချုံး ဖော်ပြပြီး (ထိုပြဿနာအား နောက်အခန်းများ၌ အသေးစိတ် တင်ပြရန်) မည်သည့်အတွက်ကြောင့် သင်ရှာဖွေခဲ့သော မေးခွန်း (သို့) ပြဿနာသည် ဖြေရှင်းရန် သင့်လျော်ကြောင်း အကြောင်းပြချက် နှင့် သင့်အဖြေများအား ခြုံငုံသုံးသပ်ချက် များ တင်ပြပေးရမည်။ ဆိုလိုသည်မှာ စာဖတ်သူက သင်၏ဘွဲ့လွန်စာတမ်းက ဖြေရှင်းပေးမည့် မေးခွန်းများအား အလွယ်တကူ နားလည်အကဲဖြတ်နိုင်စေရန် ဖြစ်သည်။


အခန်း ၂။ နောက်ခံ အကြောင်းအရာ (လိုအပ်လျှင်ထည့်ရန်)
(Background Information (optional))

အကယ်၍ သင်သည် ကွဲပြားသည့် အကြောင်းအရာ၊ အခြား ဘာသာရပ် နှင့် ဆက်စပ်၍ သုတေသန လုပ်ခဲ့သည် ဆိုပါက ထိုအကြောင်းအရာများ၏ နောက်ခံ သတင်းအချက်အလက်များအား ဤအခန်းတွင် ရေးသားနိုင်သည်။ ဆိုလိုချက်မှာ စာဖတ်သူနှင့် မရင်းနှီးသေးသည့် အကြောင်းအရာ များအား နားလည် သဘောပေါက်စေရန် ဖြစ်သည်။ ဥပမာအားဖြင့် "A Brief Review of ........" ဟူ၍ ခေါင်းစဉ် ပေးနိုင်သည်။


အခန်း ၃။ ပညာရပ်အား ပြန်လည်သုံးသပ်ခြင်း (Review of the State of the Art)

သင့်ဘွဲ့လွန်စာတမ်း နှင့်ဆက်စပ်နေသည့် မျက်မှောက်ခေတ်တွင် ပေါ်ထွန်းနေပြီးဖြစ်သော နည်းပညာများ နှင့် အတွေးအခေါ်များအား ပြန်လည် သုံးသပ် တင်ပြနိုင်ရမည်။ ထို့နောက် ထိုတင်ပြချက် (မိမိ၏ အတွေးအခေါ်မပါဝင်ပါ) မှ ဤကဲ့သို့ခေါင်းစဉ် ပေးနိုင်သည်။ ဥပမာ- "State of the Art in NP-complete"

ဤအခန်း၌ မည်သို့တွေးခေါ်ယူဆခဲ့သည် ဆိုသည့် အချက်ကိုသာ အလေးပေးဖော်ပြသင့်သည်။
(ဆိုလိုသည်မှာ မိမိကိုးကားခဲ့သည့် စာတမ်းများ၊ စာတမ်းပြုစုသူများ အားဖြင့် အခန်းကဏ္ဍခွဲခြင်းမဟုတ်ပဲ ၎င်းတို့၏ စဉ်းစားတွေးခေါ်ပုံ ဖြင့်စုစည်းတင်ပြခြင်း)
ဥပမာ၊ NP-complete ပြဿနာအားဖြေရှင်းရန် ချဉ်းကပ်ပုံများမှာ-

3.1 Approximation: Instead of searching for an optimal solution, search for an "almost" optimal one.
3.2 Randomization: Use randomness to get a faster average running time, and allow the algorithm to fail with some small probability. See Monte Carlo method.
3.3 Restriction: By restricting the structure of the input (e.g., to planar graphs), faster algorithms are usually possible.
3.4 Parameterization: Often there are fast algorithms if certain parameters of the input are fixed.
3.5 Heuristic: An algorithm that works "reasonably well" in many cases, but for which there is no proof that it is both always fast and always produces a good result. Metaheuristic approaches are often used.

(ဆက်လက်ဖော်ပြပါမည်။)

Posts with same label

Related Posts with Thumbnails