Thursday, December 25, 2008

A visit to Zao Resort


This time, I would like to introduce my travel experience to Zao Hotsprings and Ski Resort, situated in south Yamagata Prefecture. We visited Zao in March, 2008 for refreshment and to release the stress and fatigue. As for me, Onsen (Hot spring) is really good to release the stress. Moreover, there are "snow monsters" (Juhyoo) in Zao which are unique spectacle in the world. I would like to share the scenes of Zao and hope all of you will enjoy.

Zao is famous for the "snow monsters" which are made by a seasonal wind hits against trees, shaping the snow on trees in several forms of animals. Moreover, it is also one of the famous ski resorts and hot springs in Japan. Obviously, the weather at that time is really cold and seems everything is freezing. Here, the ice hanging from the window of hotel can be seen.

This is the unforgettable sunset scene from the mountain's summit of the ski resort. On the way to there, we can see the amazing snow monsters. Yoo...

Come on, to ride the tram to the mountain's summit and view the Juhyoo (snow monsters), let's get on cable cars and enjoy together.



Sunday, December 21, 2008

Pageant of Starlight


Merry Christmas and Happy New Year to you all!! :)

အားလုံးပဲ ခရစ်စမတ်အခါသမယ နဲ့ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။
ဒီတစ်ပတ်တော့ ကျွန်မနေတဲ့ မြို့မှာ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၁၂ရက်နေ့ကနေ ၃၁ရက်နေ့ထိ ကျင်းပတဲ့ Starlight festival ကိုသွားရအောင်နော်။ http://www.sendaihikape.jp/

Let's enjoy Sendai Pageant of Starlight !



Friday, December 19, 2008

Sendai08

Last few days, I participated in this International symposium at Tohoku University, Sendai.
I think I had a good chance to participate in such an Intern'l symposium without needing to go outside of JPN.
Now, you can imagine what I am studying.
But I am not a strange human being. :D
As for me, poster presentation is the more difficult and fatigue job comparing to formal speech presentation. Well, I had to explain to the audience for more than one hour.At that Symposium, I met with a retired professor (Prof.Dr.Y.Akaishi) who has been to Myanmar many times for seminars, International workshop, International winter-school and lectures at Mandalay University. We were very happy to meet with each other again. He is going to go to Myanmar in next year's February to give lectures. No wonder that he has been using his own money to go to Myanmar. I felt gratitude of him for sharing his knowledge and experience to the students of Mandalay University .

He is one of the famous persons in his specialize field of science and has been publishing many papers. Although he has retired already, he is still doing research, publishing papers and working as an Emeritus Professor at RIKEN.

I received a "Proceedings of the Japan Academy" which includes his published paper, with his signature on it, for the rememberance. I am very proud of receiving this journal from such a great scientist.

Thursday, December 18, 2008

Summer Trip to Hokkaido(2006)


Day1


I joined Summer Trip to Hokkaido region for International Students from 30th August to 1st September, 2006. (on the year I arrived Japan)

We left Sendai Airport at 9:55 a.m and arrived Shin-Chitose Airport at about 11:05 a.m.
First, we visited the Historical Village of Hokkaido (Near Sapporo). That place is like a large village with full of old houses without people living so that it is an outdoor Museum. Old buildings from about 100 years ago are restored and reproduced there.

Entrance of Historical Village

Lunch at the restaurant of Historical Village of Hokkaido. Lamb meat is famous food in Hokkiado.

After lunch, we went for sightseeing there. We could see many historical houses.

The lamp-post in front of the house can be seen.These are some inner parts of houses.


You can also see their life styles in the house. They are not real human.


Do you see the iron? Although it is in museum of Japan, it is still needed to use in ........


You can have a ride here for going around. The price is 200 yen per person.


Then , Hokkaido University
Big campus, big and old buildings of the Hokkaido Univesity

DAY 2
We experienced Potato Digging at a farm in Furano Town.

We received one box of potato each that we dig up.
This old lady treated with boiled corn to us. It was very delicious. Thanks a lot grandma.
We stayed at Alpha Resort Tomamu on the second night.

Japanese Style Dinner

DAY 3

We visited the Chitose Salmon Museum.
Chitose is the name of the river. A part of that museum was constructed under the Chitose river. So, we had a chance to see some creatures from the under water viewing room.


We are now under the Chitose river.
It is blue...

Then, we had a visit to Northern Horse Park. Since the park is very large, we rented bicycles or small cars for sightseeing. If you like to ride on a horse, you can have a ride there.

These are the statues of the champions in the horse races.

Woo.. This is big and strong horse.We flew back to Sendai Airport and arrived at 6:30pm.
It was wonderful and enjoyable trip.

Friday, December 5, 2008

၁၉၅၈ ခုနှစ်က မန္တလေး သီးခြားတက္ကသိုလ်(ဦးလူနီ-ပါမောက္ခချုပ်ငြိမ်း)



ရှေ့မှာ ဖော်ပြခဲ့တဲ့ “မစုကို ခံစားခြင်း” ဆိုတဲ့ မေမေရဲ့ စာလေးနဲ့အတူ ကျွန်မရဲ့ မေမေ ပို့လိုက်တဲ့ စာအိတ်ထဲမှာ သတင်းစာဖြတ်ပိုင်းလေး တစ်ခုလဲ ပါပါတယ်။ ၃၀-၁၀-၂၀၀၈ ရက်နေ့စွဲထုတ် မန္တလေးနေ့စဉ်သတင်းစာ မှာပါခဲ့တဲ့ ဆောင်းပါးဖြတ်ပိုင်းလေးဖြစ်ပါတယ်။ အဲဒီဆောင်းပါးလေးကို ဝေမျှပေးပါရစေ။



ဒီဆောင်းပါးလေး ကိုဖတ်ပြီး တက္ကသိုလ်ကြီး တစ်ခုဖြစ်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေပြုလုပ်ရတာ တော်တော်အချိန်ယူခဲ့ရပြီး လွယ်ကူလှတဲ့ အလုပ်တစ်ခု မဟုတ်ဘူးဆိုတာကို နားလည်ခံစားမိပါတယ်။ မန္တလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာကြီး ၊ ဆရာမကြီးများကို ရည်မှန်းကန်တော့လိုက်ပါတယ်။
မန်းတက္ကသိုလ်က သူငယ်ချင်းများလဲ နောက်ထပ် အလွမ်းပြေ ထပ်ဖတ်လိုက်ပါအုံးနော်။ ဗဟုသုတလဲရ အလွမ်းလဲပြေပေါ့။



မန္တလေးတက္ကသိုလ်ပုံလေးကို ပို့ပေးတဲ့ မမကြီးကို ကျေးဇူးတင်ပါတယ်။

Saturday, November 29, 2008

မစု (MA-SU) ကို ခံစားခြင်း

ဒီတစ်ပတ်တော့ ကျွန်မမေမေရဲ့ စာလေးတစ်စောင် ကို မူရင်းအတိုင်းထပ်မံ ဖော်ပြပါရစေရှင်။ မေမေရဲ့ စာလေးတွေအကြောင်း မသိသေးတဲ့ စာဖတ်သူများ.. မေမေရဲ့ စာလေးများထဲက ကျွန်မရဲ့လက်များနိဒါန်း မှာ ဖတ်ပေးပါရှင်။

မစုနဲ့ ပတ်သက်တဲ့ သူငယ်ချင်းများလဲ ဒီစာလေးကိုဖတ်ပြီး မစုကို အလွမ်းပြေနိုင်ကြပါစေ။

မစု (MA-SU) ကို ခံစားခြင်း

၁၉၆၄ ခုနှစ် ကျွန်မ ၁၀ တန်းအောင်ချိန်မှာ တော့ မန္တလေး ဆေးတက္ကသိုလ်ကို IQ level နဲ့ ရွေးတဲ့အချိန် စခဲ့တာပါပဲ။ ဒီ့အရင်ကတော့ မန္တလေးတက္ကသိုလ်မှာ Inter-B အထိနေပြီး တော့မှ ဆေးတက္ကသိုလ်ကို တက်လိုသူများက မန္တလေးတက္ကသိုလ် ကို 2nd MB ကစတက်ကြရပါတယ်။ စနစ်သစ်အရ ကျွန်မလဲ မန္တလေးဆေးတက္ကသိုလ်မှာ 1st MB ဆိုတဲ့ အတန်းကစတက်ခဲ့ရတာပါပဲ။ မန္တလေး ၀ိဇ္ဇာ နဲ့ သိပ္ပံ တက္ကသိုလ်ကြီးမှာ စာသင်ချိန်တွေပြောင်းတိုင်း အခန်းတွေပြောင်းပြီး အပြေးအလွှား အတန်းတက်ကြရတာလို့တော့ ကြားဖူးပါတယ်။ အဲဒီအချိန်တုံးက ကျွန်မတို့ဆေးကျောင်းကတော့ ကျောင်းပုံစံကလဲ အထက်တန်းကျောင်းပုံစံ အတိုင်းပါပဲ။ စာသင်တော့လဲ တစ်ခန်းထဲမှာပဲ ဆရာတွေက သူ့အချိန်နဲ့သူ ၀င်ပြီးသင်တော့ အထက်တန်းကျောင်းကြီးလိုပါပဲ။ ကျွန်မတို့အတန်းမှာ ကျောင်းသား၊ ကျောင်းသူ ကလဲ စုစုပေါင်း ၇၅ယောက်ပဲ ဆိုတော့ တက္ကသိုလ် ပုံစံနဲ့ နဲနဲမှ မတူခဲ့ပါဘူး။ ဆေးကျောင်းသူတွေကလဲ ရွက်ကြမ်းရေကျို ပါပဲ။ ဒီတော့ ကျွန်မတို့ တက္ကသိုလ်က ကျောင်းသားတွေဟာ မန္တလေးတက္ကသိုလ် ကိုသွားပြီး အဲဒီကျောင်းက ကျောင်းသားတွေလိုအတန်းတွေ လိုက်တက်ကြကြောင်း လဲ ကြားဖူးခဲ့ပါရဲ့။ ကျွန်မအဖို့တော့ အဲဒီအချိန်အထိ မန္တလေးဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ကြီးနဲ့ ဝေးကွာတုံးပါပဲ။

ကျွန်မတို့ဆေးကျောင်းနဲ့ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်နဲ့ ဘတ်စကက်ဘော ပြိုင်တဲ့ ရာသီရောက်လာတော့ ကျွန်မတို့ကျောင်းက ကားတွေ စီစဉ်ပေးပြီး ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကိုသွားပြိုင်ကြရပါတယ်။ ကျွန်မတို့လဲ အားပေးဖို့ လိုက်ကြပါတယ်။ အပြိုင် အော်ဟစ်အားပေးကြတော့ ၀ိဇ္ဇာ၊ သိပ္ပံဘက်ကလဲ “MC MC ... ရှုံးရှုံး ” လို့ အော်တာပေါ့။ ကျွန်မတို့ဘက်ကလဲ “MA-SU MA-SU .... ရှုံးရှုံး” လို့အော်ကြတာ။ အဲဒီအချိန်ကစပြီး Mandalay Arts and Science University ကို မစု (MA-SU ) လို့အတိုကောက်ခေါ်ကြတယ်။ (ခုခေတ်မှာဆိုရင်တော့ အဲဒီလိုခေါ်ရင် အပြစ်ဖြစ်မယ် ထင်ပါတယ်။)

အဲဒီလိုနဲ့ မစု နဲ့ ကျွန်မကတော့ သိပ်ရင်းနှီးလှသည်မဟုတ်ပါဘူး။ နွေရာသီ ကျောင်းပိတ်ရင်မှာ ပပကဆိုင်တွေမှာ စာရင်းတွေလုပ်ဖို့ ကျွန်မတို့ လုပ်အားပေးရပါတယ်။ (ဘာအတွက်လဲ မမှတ်မိတော့ပါ။) အဲဒီလို လုပ်အားမပေးခင် စာရင်းဇယား သင်တန်းအရင်တက်ရပါတယ်။ သင်တန်းက မစုဆီ မှာ လုပ်ပါတယ်။ အဲဒီတော့မှ ကျွန်မတို့လဲ မစုရဲ့ နာမည်ကြီး ရွှေမန်းဆောင်၊ သစ္စာဆောင် ဆိုတာတွေကို ရောက်ဖူးတော့တယ်။ ကျွန်မတို့ကို အဲဒီအဆောင်တွေမှာပဲ နေရာချထားပေးလို့ တစ်ပတ်လောက်နေခဲ့ရတယ်။ အဆောင်မှာပဲ ထမင်းစားရတယ်။ ကျွန်မတို့ဆေးကျောင်းက အဆောင်တွေနဲ့ မစုရဲ့ အဆောင်တွေက ကျွေးမွေးပုံစနစ်မတူပါဘူး။ ကျွန်မတို့ကျောင်းက မနက်ပိုင်း ကော်ဖီ၊ မုန့်၊ထမင်းကြော်၊ မုန့်တီ စသဖြင့် ကျွေးတယ်။ နေ့လည်ပိုင်းမှာ ထမင်းကျွေးတယ်။ မစု ကတော့ မနက် ၈ နာလောက်မှာ ထမင်းကျွေးတယ်။ နေ့လည်မှာ ကော်ဖီတိုက်တယ်။ အဆန်းဖြစ်နေတာပေါ့။ မစုက အဆောင်တွေမှာ ခေတ္တခဏ နေခဲ့ရစဉ်မှာ တက္ကသိုလ်ဆိုတဲ့ အရသာလေးကို ခံစားဖူးခဲ့ပါရဲ့။ ညပိုင်းကျတော့ ဂစ်တာတွေနဲ့ ကျောင်းသားတွေက သီချင်းလာဆိုကြတာကိုး။ မစုရဲ့ ကျောင်းသူတွေကလဲ မုန့်တွေပို့ကြ၊ ဘာသီချင်း ဆိုပါ ဆိုပြီး အော်ဟစ်ကြနဲ့ ကျွန်မတို့အဖို့ ထူးဆန်းနေတာပေါ့။ ကျွန်မတို့ ဆေးကျောင်းအဆောင်တွေမှာ တော့ဘယ်သူကမှလာပြီး သီချင်းမဆိုဘူး။ တစ်ခါတစ်လေ မျက်စိလည်လမ်းမှားပြီး လာဆိုတဲ့ သူတွေရှိရင်လဲ ဆေးကျောင်းသူတွေက မီးပိတ်ပြီး ငြိမ်နေကြတာ။ ဒါကတော့ မစုရဲ့ ကျောင်းသူ ခဏဖြစ်တုံးက အတွေ့အကြုံပေါ့။

အဲသည်နောက်တော့ မစုနဲ့ ကျွန်မဟာ သိပ်ပြီး အဆက်အဆံ မရှိခဲ့ကြပါဘူး။ သမီးငယ်လေး ဘွဲ့ယူတောမှ မစုဆီကို တစ်ခေါက် ရောက်ဖြစ်တော့တယ်။ ပြီးခဲ့တဲ့ အပတ်က မိတ်ဆွေတစ်ယောက်ကို တွေ့ဖို့ မစုဆီကို ရောက်ခဲ့ပါတယ်။ ခြောက်သွေ့ပြီး ပေါင်းမြက်တွေထူနေတဲ့ သစ္စာဆောင်ကြီးရှေ့က ဖြတ်သွားရတယ်။ ငယ်တုံးက ဘ၀လေးကိုလဲ သတိရလိုက်မိ သေးတယ်။ သမီးငယ်လေးကိုလဲ အထူးသတိရမိတယ်။ မန္တလေးတက္ကသိုလ် မိန်းအဆောက်အအုံကြီးရှေ့က လှေကားထစ်လေးတွေပေါ်မှာ သမီးလေးရိုက်ထားတဲ့ ဓာတ်ပုံလေးကို သတိရမိတယ်။ သမီးလေးဝတ်ထားတဲ့ အ၀တ်အစားနဲ့ မက်ခ်ျ ဖြစ်ပြီး သိပ်လှတာပဲ။ အဲဒီတုံးက သမီးက ပထမနှစ်လောက်ပဲ ရှိအုံးမယ်။ သူ့ရဲ့ နုပျိုလန်းဆန်းတဲ့ အလှကိုလဲ တွေ့ရတယ်။

သမီးတို့ ဌာနနားကို ရောက်တော့ သမီးလေး သွားလာလှုပ်ရှားခဲ့တဲ့ နေရာလေးမို့ အထူးသတိရမိပြန်တယ်။ လူ့လောက ကနေ ထွက်ခွာသွားပြီဖြစ်တဲ့ သမီးလေးရဲ့ ဆရာကြီးကိုလဲ သတိရမိတယ်။ သူကွယ်လွန်သွားတော့ သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ လုပ်ရပ်တွေ၊ သူရဲ့ ပညာတွေကို သတိရနေကြပါရဲ့လား။ အသက်ရှင်လျက်ရှိနေခဲ့ရင်တောင် ဌာန၊ နေရာတစ်ခုကနေ ပြောင်းရွှေ့သွားခဲ့ရင်၊ အဲဒီနေရာမှာ ကိုယ်ဘယ်လောက်ပဲ ကျင်လည်ခဲ့ပေမဲ့ တစ်စိမ်းတစ်ရံလို ဖြစ်သွားတတ်တာ သဘာဝပါပဲ။

တက္ကသိုလ်ဝင်း ကနေ ထွက်ခွာခဲ့တော့ တက္ကသိုလ် အရံတပ်ရင်းဆိုတာကို တွေ့ရတယ်။ အဲဒီတော့လဲ သူငယ်ချင်းတစ်ယောက် ကိုသတိရမိပြန်တယ်။ အဲဒီသူငယ်ချင်းက MC ပထမနှစ်မှာ တက္ကသိုလ် အရံတပ်ရင်းကို ၀င်ခဲ့တာလေ။ သူညနေတိုင်း training ဆင်းခဲ့ရတာတွေကို ပြန်ပြောပြတတ်တယ်။ ကျောင်းပိတ်ရက်ရှည်တွေမှာ တစ်မြို့တစ်ရွာကိုလဲ လေ့လာရေးခရီး သဘောမျိုး သွားရတယ်တဲ့။ သူက ဆရာဝန်ဖြစ်တော့ တပ်ထဲဝင်ပြီး ဒုဗိုလ်မှူးကြီး ENT Specialist ဖြစ်တယ်။ အဲဒီခေတ်က တက္ကသိုလ်အရံ တပ်ရင်းကနေ တပ်မတော်သား အရာရှိတွေ မွေးထုတ်ပေးခဲ့ဘူးတယ်။

မစု ဆီကနေ ထွက်ခွာခဲ့ပြီးတော့ အတိတ်ရဲ့ အရိပ်လေးတွေဟာ ကျွန်မရဲ့ တွေးတောစိတ်ထဲမှာ တစ်ခုခြင်းပေါ်လာခဲ့လို့ ဒီစာစုလေးကို ရေးမိပါတယ်။ မစုနဲ့ အနေဝေးခဲ့သူဖြစ်တဲ့ ကျွန်မတောင်မှ တဒင်္ဂအတွင်းမှာ ဒီလောက်ခံစားမိခဲ့ရင် မကြာခင်မှာ နှစ်(၅၀)ပြည့်တော့မဲ့ မစုနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူဆိုရင် အတိုင်းအဆမရှိ အတိတ်ရဲ့ အရိပ်တွေကို ပြန်တွေ့ကြမှာပါ။

နောင်နှစ်ပေါင်းများစွာ အထိ မစု(MA-SU) ဆိုတာ တည်တံ့ခိုင်မြဲနိုင်ပါစေ။ လူတော်လူကောင်းများစွာကို မွေးထုတ်ပေးမဲ့ အမိတက္ကသိုလ်ကြီး အဖြစ် ရပ်တည်နေနိုင်ပါစေ။

မှတ်ချက်။ ။ မန္တလေးတက္ကသိုလ်ရဲ့ နှစ် ၅၀ပြည့် အထိမ်းအမှတ် အာစရိယပူဇော်ပွဲကို ယခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

Wednesday, November 19, 2008

Potato Festival in Tohoku Prefecture (芋煮会)


ကျွန်မနေတဲ့ Tohoku နယ်မှာ နှစ်စဉ် Authum ရာသီရောက်ရင် ပိန်းဥပါဝင်တဲ့ ဟင်းရည် တစ်မျိုးကို မြစ်ကမ်းနဘေးမှာ သွားရောက်ပြီး ချက်ပြုတ်စားသောက်ကြတဲ့ ဓလေ့ရှိပါတယ်။ ဒီဓလေ့ဟာ ဂျပန်မြောက်ပိုင်း မှာ ရှိတဲ့ Tohoku ဒေသ မှာဘဲ ပြုလုပ်ကြတယ်တဲ့။ ဂျပန်လို အိမို-နိကိုင် (芋煮会)လို့ခေါ်ပါတယ်။
အိမို (芋)= ပိန်းဥ ၊  နိ(煮)=ပြုတ်သည်၊ ချက်သည် ကိုင် (会)=တွေ့ဆုံပွဲ၊ ပွဲ လို့ အဓိပ္ပာယ် ရပါတယ်။ တကယ်တမ်းတော့ အိမိုဆိုတဲ့ အဓိပ္ပာယ်ထဲမှာ အားလူး ၊ ကန်ဇွန်းဥ၊ ပိန်းဥ စတဲ့ သစ်ဥ အမျိုးအနွယ် တွေပါပါတယ်။

လှပတဲ့ မြစ်ကမ်းနဘေးမှာ မိသားစုလိုက်၊ သူငယ်ချင်းအစုလိုက် ပျော်ပွဲစားထွက်သလိုမျိုး အတူတကွ ပျော်ရွှင်စွာ ချက်ပြုတ်စားသောက်ကြတာပါ။ တစ်ချို့က ပိန်းဥဟင်းတစ်မျိုးတည်း မဟုတ်ပဲ၊ Barbecue ပါလုပ်စားလေ့ ရှိကြတယ်။ ကျွန်မတို့ တက္ကသိုလ်တွေမှာလဲ ကိုယ့် Research group အလိုက် အိမိုနိကိုင် အတွက် ရက်ရွေးချယ်ပြီး မြစ်ကမ်းဘေးမှာ ချက်ပြုတ် စားသောက်ကြတာဟာ Authum ရာသီရောက်ရင် လုပ်ရတဲ့ အလုပ်တစ်ခုလိုပါပဲ။


(၈) လပိုင်းအကုန်လောက်ဆိုရင် ဒီက Super Market တွေမှာ အိမိုနိကိုင်အတွက် လိုအပ်တဲ့ ထင်းတွေ ပုံပြီးရောင်းနေတာ တွေ့နိုင်ပါတယ်။ ဒန်အိုးအကြီးကြီးတွေကိုလဲ တွေ့ရတယ်။ အဲဒီဒန်အိုးကြီးတွေကှိုငှားသုံးလို့လဲရတယ်တဲ့။ ကျွန်မရောက်စနှစ်တုံးက super မှာ ထင်းပုံတွေ တွေ့တော့ ဘာလုပ်ဖို့ပါလိမ့်ဆိုပြီး အံ့သြခဲ့မိသေးတယ်။ အိမိုနိကိုင်ပွဲကို ၉လပိုင်း လလယ်လောက်ကစပြီး ၁၀လ ပိုင်းကုန်လောက်ထိ ကျင်းပကြတာပါ။

ဟင်းချက်တဲ့အခါမှာ Miyagi(Sendai) Prefecture ချက်နည်း နဲ့ Yamagata Prefecture ချက်နည်းဆိုပြီး ၂ မျိုးနှစ်စား ချက်လေ့ရှိကြတယ်။
Sendai ချက်နည်းက ၀က်သားနဲ့ ဂျပန်လို မိစော(Miso) လို့ခေါ်တဲ့ ဂျပန်ပဲငပိကို သုံးပါတယ်။ Yamagata ချက်နည်းကတော့ အမဲသား နဲ့ ပဲငံပြာရည် (Shouyu) ကိုသုံးပါတယ်။
ဟင်းချိုထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေကတော့ မုန်ညင်းဖြူရွက်၊ မှို၊ ပဲပြား၊ ကြက်သွန်မိတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ပိန်းဥ၊ Konnyaku စတာတွေပါ။
ကျွန်မတို့ အုပ်စုကတော့ Sendai ချက်နည်း နဲ့ Yamagata ချက်နည်း ကို အိုး (၂) လုံးခွဲပြီး ချက်ကြပါတယ်။ ရာသီဥတု ခပ်အေးအေးမှာ မြစ်ကမ်းဘေးရဲ့ သဘာဝအလှကိုခံစားရင်း ဟင်းရည်ပူပူ မှုတ်သောက် ရတာ အရသာ တစ်မျိုးပါပဲ။

ဒီလိုမျိုး ငါးလဲကင်စားတယ်။

အိမိုနိကိုင် နဲ့ ဆက်စပ်ပြီး ပြောချင်တာတစ်ခုကတော့ ကျွန်မနေတဲ့ Sendai မြို့ကနေ ဘစ်ကားနဲ့ ၁ နာရီသာ သွားရတဲ့ Yamagata မြို့ရဲ့ အိမိုနိကိုင် ပွဲတော်ဖြစ်ပါတယ်။ အဲဒီမြို့မှာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ အကြီးဆုံး ဒယ်အိုးကြီးရှိပါတယ်။ ဒီပုံက Yamagata မြို့ က မမကြီး ဆီကိုသွားလည်တုံးက ရိုက်ထားတာပါ။

အဲဒီဒယ်အိုးကြီးထဲမှာ ဟင်းရည်ထည့်ချက်တဲ့ Yamagata အိမိုနိကိုင်ပွဲတော်ကို ကျင်းပပါသတဲ့။
ကျွန်မတော့ မသွားဖူးသေးပါဘူး။
ဒီမှာ လဲ ဒယ်အိုကြီးထဲ ထည့်ချက်နေတဲ့ ဓာတ်ပုံကိုကြည့်လို့ရတယ်။

Sunday, November 16, 2008

Made in Myanmar (ミャンマー製)


ိဂျပန်နိုင်ငံမှာ Made in Myanmar (ミャンマー製) လူ့အသုံးအဆောင် ပစ္စည်းလေးတွေကို တွေ့ဖူးကြမှာပါ။
ကျွန်မအနေနဲ့တော့ အဲဒီစာတန်းလေးကို ပထမဆုံးအကြိမ် တွေ့ရတဲ့ အချိန်တုံးက တကယ့် ကို အံသြ၀မ်းသာခဲ့ရပါတယ်။
စာဖတ်သူတို့လဲ Made in Myanmar (ミャンマー製) လို့ ရေးထားတဲ့ ဘယ်လိုမျိုးပစ္စည်းလေးတွေကို တွေ့ဖူးကြပါသလဲရှင်။

ကျွန်မက ဂျပန်ရောက်နေမှတော့ Made in Japan (日本製) သုံးချင်တာပေါ့ ဆိုပြီး Made in Japan ပစ္စည်းလေးတွေကို ရှာပြီး ၀ယ်ပါတယ်။ ပစ္စည်းတစ်ခု ၀ယ်တော့မယ်ဆိုရင် ဘာမိတ်(made)လဲဆိုပြီး ကြည့်ရတာ အမောပါ။
အဟဲ ...သိကြတဲ့ အတိုင်း Made in Japan ပစ္စည်းတွေက ဈေးကြီးတာများတဲ့ အတွက် ဈေးလျော့တဲ့ (Sale) အချိန်မှသာ ၀ယ်နိုင်ပါတယ်။ ဒါတောင် လျော့ထားတဲ့ တန်ဖိုးက ကိုယ်တတ်နိုင်တာထက် များနေလို့ မ၀ယ်ဖြစ်တာများပါတယ်။

ပထမဆုံးတွေ့ဖူးခဲ့တာကတော့ အမျိုးသားစီး ရှူးဖိနပ်တစ်ရံပါ။ ပုံစံကလဲလှပြီး တော်တော်သေသေသပ်သပ် ရှိပါတယ်။ အမျိုးအစားကလဲကောင်း၊ ဈေးကလည်း ယန်းတစ်သောင်းကျော်ဆိုတော့ Made in Japan (日本製) ဖြစ်မှာပဲလို့ အပိုင်တွက်ပြီး ကြည့်လိုက်တော့ Made in Myanmar ဆိုတဲ့ စာတန်းလေးကို တွေ့လိုက်ရပါတယ်။ အဲဒီတုံးက ကင်မရာပါမသွားလို့ မှတ်တမ်းမတင်ခဲ့လိုက်နိုင်ဘူး။

ဒီလိုနဲ့ Sale အချိန်မှာ shopping ထွက်တဲ့တစ်နေ့ မိန်မစီးဖိနပ်ကလေးတစ်ရံကို တွေ့မိပါတယ်။ ဖိနပ်ပုံစံကလဲ ကျွန်မကြိုက်တဲ့ ပုံစံ ဖြစ်နေတော့ ထုံးစံအတိုင်း ဘာမိတ်လဲ လို့ ကြည့်လိုက်တော့ Made in Myanmar ပါတဲ့။ နဂိုမူရင်းဈေး ယန်း ၈၀၀၀ ကျော်ကို ယန်း ၃၀၀၀ကျော်နဲ့ ဈေးချရောင်းနေတာပါ။ အပေါ်ကပုံလေးပေါ့။
ကျွန်မက ကိုယ်နှစ်သက်တဲ့ ပစ္စည်းတစ်ခုတွေ့ရင် ၀ယ်ဝယ်မ၀ယ်ဝယ် ဘာမိတ်လဲလို့ ကြည့်တာ အကျင့်ပါနေပါပြီလေ။

နောက်ထပ်တစ်ခုက ဖလန်ထည်အသား ရှပ်အင်္ကျီလေးပါ။ ဂျပန်လို ミャンマー製 (အဓိပ္ပာယ်က Made in Myanmar) လို့ရေးထားပြီး တံဆိပ်က Mario Valentino ဖြစ်ပါတယ်။ ဖလန်ထည် အသားလေးကလဲ တော်တော်ကောင်းပြီး ချုပ်ထားတာလဲ အတော်သပ်ရပ်ပါတယ်။ ဈေနှုန်းက ယန်း ၂၉၉၀ ပါ။


မြန်မာငွေတန်ဖိုးနဲ့ တွက်လိုက်ရင် ဂျပန်မှာ ရောင်းနေတဲ့ Made in Myanmar ပစ္စည်းလေးတွေဟာ တန်ဖိုးမနည်းလှပါဘူး။ ဒီပစ္စည်းလေးတွေကို ဘယ်လိုနည်း မြန်မာပြည်မှာ ထုတ်လုပ်ပြီး၊ ဂျပန်မှာ တင်သွင်းရောင်းချ နေတယ်ဆိုတာ မသိရပေမဲ့ ကျွန်မတို့ နိုင်ငံထုတ် Made in Myanmar ပစ္စည်းလေးတွေကို အရည်အသွေးကောင်းကောင်း နဲ့ တန်ဖိုးမြင့်မြင့် တွေ့မြင်လိုက်ရတဲ့အတွက် ၀မ်းသာ ဂုဏ်ယူပါကြောင်း ဖောက်သည်ချလိုက်ပါရစေ။

Saturday, November 15, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၄)

လှူဒါန်းခြင်း(၂)

သီတဂူဆရာတော်ကြီး တိုကျိုမြို့သို့ကြွရောက်တော်မူခြင်း

သီတဂူဆရာတော်ကြီး အသျှင် ဥာဏိဿရ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ကိုဇွန်လအတွင်း ကြွရောက်ပြီး၊ လေဘေးရန်ပုံငွေအတွက် တရားပွဲတွေ ကျင်းပမယ် လို့ သတင်းရကတည်းက ကျွန်မတို့တွေ အလွန် ၀မ်းမြောက်ခဲ့ကြပါတယ်။

ဆရာတော်ကြီးဟာ “နာဂစ်လေဘေးသည်များအား ကူညီစောင့်ရှောက်ရန်”အတွက် တရားပွဲများကျင်းပပြီး အလှူငွေစုဆောင်းတော်မူရန် အဓိက ရည်ရွယ်ချက်နဲ့ တိုကျိုမြို့ကို ဇွန်လ ၂၇ရက်နေ့မှာ ကြွရောက် တော်မူခဲ့ပါတယ်။

အစ်မတစ်ယောက်လိုခင်မင်ရတဲ့ သူတစ်ဦးရဲ့ ဆက်သွယ်ပေးမှုနဲ့ ဆရာတော်ကြီး တိုကျိုမြို့ကို ကြွရောက်ရေးအတွက် ဆောက်ရွက်ပေးနေကြတဲ့ တိုကျိုမြို့ ကတာဝန်ရှိသူ အချို့နဲ့ ဆက်သွယ်မှု ရခဲ့ပါတယ်။
ဆရာတော်ကြီးကို ဖူးမြော်ချင်စိတ၊် တရားဓမ္မများကို နာကြားချင်စိတ် ၊ ကိုယ်တိုင်ကိုယ်ကျ အလှူငွေတွေကို လှူဒါန်းချင်စိတ် တွေနဲ့အတူ ကျွန်မနဲ့ သူငယ်ချင်း Dust in the wind ဟာ Bus ကားနဲ့ ၅ နာရီသာ သွားရတဲ့ တိုကျိုမြို့သို့ ကိုယ့်စားရိတ်နဲ့ကိုယ် နေ့ချင်းပြန် သွားရောက်ခဲ့ကြပါတယ်။

ကျွန်မတို့ပဲ ကံကောင်းတာလား၊ နယ်ကလာတဲ့ လူတွေမို့လား မပြောတတ်ပါဘူး။
တာဝန်ရှိသူရဲ့ ဆက်သွယ်ပေးမှုနဲ့ ကျွန်မတို့ ၂ ယောက်ဟာ ဆရာတော်ကြီး တည်းခိုတော်မူတဲ့ Shinjuku က ဟော်တယ်ကြီးတစ်ခု မှာဆရာတော်ကြီး ကို အေးအေးဆေးဆေး ဖူးမြော်ခွင့်ရရှိခဲ့ပြီး၊ "........University Myanmar Student Volunteer Group " ရဲ့ ကိုယ်စား အလှူတော်ငွေ ၁၁၀၀၀၀ ယန်း ကို ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်း နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Myanmar Cyclone Victim Rescue Fund က ပေးပို့တဲ့ ၃၀၀၀၀၀ ယန်း နဲ့
Dust in the Wind ရဲ့ ညီမလေးက တဆင့် Ryokuen -Toshi Community Association Yokohama Japan ကလှူဒါန်းတဲ့ ၁၄၂၀၀ ယန်း ကိုလဲ ကျွန်မတို့ကတစ်ဆင့် ဆက်ကပ် လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီအချိန်က ဆရာတော်ကြီးဟာ နေ့လည်ပိုင်း တရားပွဲ တစ်ချိန်ပြီးတဲ့ အတွက် ဟော်တယ်ကို ပြန်ပြီး အနားယူတဲ့ အချိန်ဖြစ်ပါတယ်။

ဆရာတော်ကြီး ဟော်တယ်၌ အနားယူ သီတင်းသုံးနေစဉ်

သီတဂူဆရာတော်ကြီးရဲ့ တရားပွဲ


ညနေ ၆ နာရီခွဲ၊ Ikebukuro မှာ နောက်တစ်ကြိမ် ညနေပိုင်း တရားပွဲ ရှိပါတယ်။ အဲဒီတရားပွဲကို ကျွန်မတို့ သွားရောက်ပြီး တရားနာ ယူခဲ့ကြပါတယ်။
ဆရာတော်ကြီး ကနာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းပေါင်း ၁၃၀၀ ကျော်ကို လိုအပ်တဲ့ တည်ဆောက်ရေး ပစ္စည်းတွေ လှူဒန်းခဲ့တဲ့ အကြောင်း၊ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသက ဆေးရုံတွေမှာ ဆေးရုံသုံးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အကြောင်း နဲ့ ပြန်လည်ထူထောင်ရေးအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ အကူအညီတွေဆက်လက်လိုအပ်နေသေးကြောင်း အစချီပြီး မိန့်ကြားပါတယ်။

ဒါန၊ သီလ တရားတွေထက် ၀ိပဿနာတရားတွေကို နာယူဖို့ ပိုမိုခုံမင်တဲ့ ကျွန်မဟာ ဒီတစ်ခါမှာတော့ ဆရာတော်ကြီး ဟောကြားသွားခဲ့တဲ့ တရားတော် ထဲက စကားလုံးလေးတွေဟာ လက်တွေ့ကျကျ ရှိလှတာကို သတိပြုမှတ်သားမိခဲ့ပါတယ်။

လုံးစေ့ပတ်စေ့ သေချာမမှတ်မိတော့ပေမဲ့ ဆရာတော်ကြီး မိန့်ကြားသွားတဲ့ ထဲက “ဂရုဏာ” ဆိုတဲ့ စာလုံးလေးကို မှတ်မိနေခဲ့ပါတယ်။ “ကရုဏာ” လို့ အသံထွက်ရပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ "Compassion in Action" တဲ့။

ဂရုဏာတရားထားတယ်ဆိုတဲ့ နေရာမှာ “သတ္တ၀ါများ ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ” စသဖြင့် မေတ္တာဘာဝနာ ပွားများတဲ့ အလုပ်ဟာ အလွန်ကောင်းမွန်တဲ့ အလုပ် ဖြစ်သော်ငြားလည်း မေတ္တာကမ္မဌာန်း တရားပွားများနေရုံကာမျှဖြင့် မိမိတစ်ဦးတည်းသာလျှင် နတ်ပြည်၊ ဗြဟ္မာပြည် ရောက်နိုင်ကာ ချမ်းသာမှု ရချင်ရပါလိမ့်မယ်။ လက်တွေ့ကျတဲ့ ကယ်ဆယ်မှုတွေမရှိရင် ဘေးဒုက္ခရောက်နေသူများဟာ ချမ်းသာမှုရကြမှာ မဟုတ်ပါဘူး။
လူအချင်းချင်း ကရုဏာတရားထားပြီး ဒုက္ခရောက်နေကြသူ တွေကို လက်တွေ့ကျကျ ဆက်လက်ကူညီကြဖို့ တိုက်တွန်းသွားပါတယ်။

ဆရာတော်ကြီးရဲ့ ချီးမြှင့်ခဲ့တဲ့ တရားတော်ဟာ “လူအုပ်ကြားထဲမှာ ဆူးခက်ကြီး ကိုင်ဆွဲပြီးဝင်သွားသလို” ကျွန်မတို့ရဲ့ နှလုံးသားထဲမှာ စွဲငြိကျန်ရစ် နေခဲ့ပါတော့တယ်။

ဆရာတော်ကြီးဆီက လက်ခံရရှိခဲ့တဲ့ အလှူငွေဖြတ်ပိုင်းလေးပါ။
ဂျပန်ယဉ်ကျေးမှုထုံးစံအရ အလှူငွေထည့်ဝင် လှူဒါန်းခဲ့သူတွေဆီကို လက်လှမ်းမှီသရွေ့ ကျေးဇူးတင်လွှာများ ပေးပို့ခဲ့ကြပါတယ်။ အဲဒီကျေးဇူတင်လွှာမှာ အလှူငွေမည်မျှကောက်ခံရရှိခဲ့ကြောင်း၊ မည်သို့လှူဒါန်းခဲ့ကြောင်း အစရှိသဖြင့် ဂျပန်ဘာသာဖြင့် ရေးသားထားကာအလှူငွေလက်ခံဖြတ်ပိုင်း မိတ္တူပုံပါ တွဲပြီး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အလှူခံတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တစ်ချို့ ဘလောခ်တွေမှာ အလှူခံတဲ့ သူတွေကို ဝေဖန်ရေးသားတာတွေ ရှိပေမဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိတာပဲလေလို့ ပဲတွေးမိပါတယ်။ ပုထုဇဉ် လူသားတိုင်းဟာ မိမိတို့ ကြီးပြင်းကျင်လည်ခဲ့ရာ ပတ်ဝန်းကျင်ကိုလိုက်ပြီး ထင်မြင်ယူဆချက် အမျိုးမျိုး ရှိနေတတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူအများအတွက် လုပ်သင့်တဲ့ အလုပ်တစ်ခု၊ ကိုယ်လုပ်နိုင်တဲ့ အလုပ်တစ်ခုသာ
ဖြစ်နေခဲ့ရင် အများအကျိုးရှေးရှုပြီး မိမိရဲ့ အတ္တ၊ မာနတွေကို အသာဖယ်နိုင်သလောက်ဖယ၊် စိတ်ကောင်း စေတနာထား၊ အပြောမဟုတ် လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့ သာ အရေးကြီးတာ မဟုတ်ပါလားရှင်။

ဒီလိုနဲ့ ကျွန်မတို့ရဲ့ လေဘေးသင့်သူတွေ အတွက်ကူညီဖို့ အတူတကွလက်တွဲ လုပ်ဆောင်ခဲ့ကြတာဟာ အောင်မြင်စွာနဲ့ ပြီးဆုံးပြီး လှူဒါန်းပြီးမြောက်သွားပါပြီ။
ဒုက္ခရောက်သူတွေကို ကိုယ်ထိလက်ရောက် သွားရောက်ကူညီပေးနေကြသူတွေ နဲ့ ယှဉ်ရင် ကျွန်မတို့ရဲ့ ဆောင်ရွက်မှု ဟာဘာမှ မပြောလောက်ပါဘူး။
မိမိတို့ တတ်စွမ်းနိုင်သရွေ့ အဖက်ဖက်မှ လူအား၊ စိတ်အား၊ ငွေအားဖြင့် ပါဝင်ကူညီခဲ့သူတွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။
ကျွန်မရဲ့ Diary လေးကို ဖတ်မိသူတိုင်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ လို့မျှော်လင့်ရင်း....

Friday, November 14, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၃)

လှူဒါန်းခြင်း(၁)

လေဘေးဒုက္ခသည်တွေ အတွက် လက်ခံရှိခဲ့တဲ့ အလှူငွေတွေကို (၂) ကြိမ်ခွဲပြီး လှူဒါန်းခဲ့ပါတယ်ရှင်။

ပထမအကြိမ် အနေနဲ့ Care Internationl Japan ဆိုတဲ့ NGO အဖွဲ့ ကိုဆက်သွယ်ပြီး လှူဒါန်းခဲ့ပါတယ်။
ကျွန်မတို့ဟာ ဂျပန်လူမျိုးတွေဆီက အလှူငွေကောက်ခံ ရရှိခဲ့တာဖြစ်လို့ ဒီငွေတွေကို အသုံးပြုတဲ့ နေရာမှာ သူတို့တွေ အထင်အမြင် လွဲမှားမှုမရှိအောင် စဉ်းစားခဲ့ကြပါတယ်။
အဲဒီတော့ ခိုင်မာတဲ့ အဖွဲ့အစည်း၊ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့ အစည်း၊ ပြီးတော့ ဂျပန် နိုင်ငံမှာလဲ ရှိတဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ခုထံမှာ လှူဒါန်းရင် ပိုပြီးသင့်လျော်မယ် လို့ အားလုံးက သဘောတူခဲ့ကြပါတယ်။
အဲဒီတော့ Mori Volunteer အဖွဲ့ ကအမျိုးသမီးကြီးများထံမှာ အကြံဥာဏ် တောင်းခံခဲ့တဲ့အခါ သူတို့ရဲ့ အကြံပေးချက်အရ Care International Japan ကို ဆက်သွယ်ပြီး ၃၀-၅-၂၀၀၈ နေ့မှာ ၁၃၀၃၀၄ ယန်း ပေးပို့လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီအဖွဲ့ ဟာ နိုင်ငံတကာမှာ ရုံးခန်းတွေဖွင့်ထားပြီး ကူညီထောက်ပံရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ NGO အဖွဲ့ တစ်ခုပါ။
မြန်မာနိုင်ငံမှာလဲ Care Myanmar ဆိုတဲ့ အမည်နဲ့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာဒေသတွေကို သွားရောက်ပြီး မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့လဲဖြစ်တယ်။
ဒီမှာ ကြည့်နိုင်ပါတယ်။ (ဂျပန်ဘာသာဖြင့်သာ)
http://www.careintjp.org/worldmap/myanmar.html
http://www.careintjp.org/news/newsrelease_080805.html

ဒါကတော့ Care International Japan ရဲ့ ကျေးဇူတင်လွှာနဲ့ Receipt ပါ။

လှူဒါန်းခြင်း (၂) ကို ဆက်လက် မှတ်တမ်းတင်ပါအုံးမယ်။

Wednesday, November 5, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၂)


အလှူငွေကောက်ခံရရှိခြင်း


တစ်ဦးနဲ့ တစ်ဦး လက်တွဲကူညီပြီး စုပေါင်းလုပ်တဲ့ အလုပ်တစ်ခုဟာ အောင်မြင်ခဲ့ပါပြီ။
ကျွန်မတို့ Volunteer အဖွဲ့ဟာ မြို့ထဲမှာ (၂)ရက်ထဲသာ အလှူခံထွက်နိုင်ခဲ့ပေမဲ့ အားပေးကူညီ ခဲ့ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများကြောင့် မျှော်လင့်ထားတာထက် ပိုပြီး အလှူငွေ တွေရရှိခဲ့ပါတယ်။

အပေါ်ကပုံလေးကတော့ အလှူငွေထည့်ဝင်တဲ့ သူတိုင်းကို ကျေးဇူးတင်တဲ့ အနေနဲ့ ပြန်ပေးခဲ့တဲ့ စတစ်ကာလေး ပဲဖြစ်ပါတယ်။ အလှူငွေ ထည့်ဝင်တဲ့ သူတွေဟာလဲ မိမိရဲ့ အလှူအတွက် အမှတ်တရ စတစ်ကာလေး တစ်ခုပြန်ရတဲ့ အတွက် ၀မ်းမြောက်ကြမယ် လို့လဲ ထင်ပါတယ်။

စတစ်ကာလေးမှာ ”သင့်ရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ၊် မြန်မာ ဆိုင်ကလုံးဒဏ်ခံရသူများအတွက် အရေးပေါ်ထောက်ပံ့ရေး အစီအစဉ် ” လို့ ဂျပန်ဘာသာနဲ့ ရေးထားပါတယ်။ စတစ်ကာရဲ့ ညာဖက်ထောင့်က တော့ ”ပုဂံ၊ မြန်မာ” လို့ရေးထားပြီး ညာဖက်အောက်ဆုံးမှာ ဆိုင်ကလုံးဒဏ်ခံခဲ့ရတဲ့ အချိန်ကာလ ”၂၀၀၈ခုနှစ်၊ ၅လ” ဆိုပြီး ရေးထားပါတယ်။

ပုဂံရှုခင်းပုံ ထည့်ရခြင်း အကြောင်းကတော့(” မြန်မာ”လို့ပြောလိုက်ရင် ဘယ်လိုနိုင်ငံလဲ၊ ဘယ်မှာရှိတာလဲ ဆိုတာကို မသိကြတဲ့ ဂျပန်လူမျိုးတွေ ရှိနိုင်တဲ့အတွက်) ”မြန်မာ” လို့ ပြောလိုက်တဲ့အခါ ဒီလို Image ရှိနိုင်အောင်ရည်ရွယ်ပြီး ပုဂံရှုခင်းပုံကို သုံးလိုက်တာဖြစ်ပါတယ်။

တစ်ကယ်လို့ သူတို့စိတ်ဝင်စားလို့ အင်တာနက်မှာ ပုဂံ(パガン)ဆိုတဲ့ စာလုံးရိုက်ထည့်ပြီး ရှာခဲ့ရင် မြန်မာပြည်ရဲ့ ကြွယ်ဝလှတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို သိရှိနိုင်ကြတာပေါ့။ တစ်ချို့ ဂျပန် အဘိုးကြီး၊ အဘွားကြီးတွေကတော့ ဘိရုမာ လို့ပြောရင် သိပါတယ်။

အလှူငွေထည့်ဝင် ကူညီခဲ့ကြသူတွေပါ။
  • ၂၀၀၈ခုနှစ်၊ မေလနောက်ဆုံးရက်သတ္တပတ်ရဲ့ စနေ၊ တနင်္ဂနွေ (၂)ရက် (စုစုပေါင်း အချိန် ၈ နာရီခန့်) မြို့ထဲက လူစည်ကားရာ ကျွန်မတို့ အလှူခံတဲ့ နေရာမှာ ဖြတ်သန်းသွားလာခဲ့ကြတဲ့ မြို့သူ၊မြို့သားများ
  • ကျွန်မရဲ့ ဆရာနဲ့ ဂျပန်သူငယ်ချင်းများ
  • ဒီအစီအစဉ်ကို ဦးဆောင်တဲ့ သူငယ်ချင်း (Dust in the wind) ရဲ့ ဆရာ
  • ကျွန်မရဲ့ အော်ခစန်(အမေ) နဲ့ သူရဲ့ ဂျပန်မိတ်ဆွေများ
  • Mori Volunteer Group
  • Campus ၄ ခုက အလှူခံပုံးလေးတွေ မှာထည့်ဝင်ခဲ့ကြတဲ့ ကျောင်းသူ/သား၊ ၀န်ထမ်းများ
  • Sendai မြို့အနီး Yamaga ဆိုတဲ့ မြို့လေးတစ်မြို့က ခင်မင်လှတဲ့ မြန်မာသူငယ်ချင်းလေးတစ်ဦး
  • မြန်မာပြည်ပြန်သွားပြီဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ဂျာမန်လူမျိုး သူငယ်ချင်းတစ်ဦး
  • အလှူခံထွက်ရာမှာ ပါဝင်ကူညီခဲ့တဲ့ ညီမလေး ရဲ့ ဂျပန်စာသင်တဲ့ ဆရာမ
  • အလှူခံထွက် လုပ်အားပေးခဲ့တဲ့ မြန်မာ၊ အင်ဒိုနီးရှား နဲ့ စင်ကာပူ သူငယ်ချင်းများအားလုံး
စတဲ့ သူတွေက အားပေးကူညီခဲ့ကြတဲ့ အတွက် နောက်ဆုံးစာရင်းပိတ်တော့
စုစုပေါင်း အလှူငွေ ၂၄၀၃၀၄ ယန်း စုဆောင်း ရရှိခဲ့ပါတယ်။

(ဘယ်မှာလှူဒါန်းခဲ့တယ် ဆိုတာကို လက်တွဲကူညီခြင်း မှတ်တမ်း (၃)မှာ ဆက်ရေးပါမယ်ရှင်။)

Monday, November 3, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၁)


”ဟင်.....ဟယ်......ဟာ.......” စသဖြင့် ကြေကွဲ ထိတ်လန့်စွာ ထွက်ပေါ်လာတဲ့ ကျွန်မရဲ့ အာမေဋိတ်သံ အမျိုးမျိုးကြောင့် အခန်းထဲက လူတွေအားလုံးဟာ ကျွန်မကြည့်နေတဲ့ ကွန်ပြူတာ စကရင် ဆီကို အကြည့်တွေ ရောက်လာကြပါတယ်။ သူတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ အတုံးအရုန်းလဲပြိုကျနေတဲ့ ခန္တာကိုယ်လေးတွေ၊ ရေထဲမှာ တစ်ဝက်တစ်ပျက် နစ်မြုပ်နေကြတဲ့ ခန္တာကိုယ်လေးတွေ၊ လူတွေနေခဲ့တဲ့ နေရာပါလို့ မဆိုနိုင်လောက်အောင် ပျက်စီးယိုယွင်းသွားခဲ့တဲ့ နေရာတွေ........

ကျွန်မ ဘာအကြောင်းပြောတော့မယ် ဆိုတာ သိလောက်ကြပါပြီ။
ဟုတ်ပါတယ်၊ မြန်မာနိုင်ငံရဲ့သမိုင်းမှာ သဘာဝဘေးအန္တရာယ်ဒဏ် အဆုံးရွားဆုံး ခံခဲ့ရတဲ့ နာဂစ် မုန်တိုင်းကြီး အကြောင်းပေါ့။
ဘယ်သူမှ ဒီ နာဂစ် ဆိုတဲ့ အသံကို ကြားချင်မှာ မဟုတ်ပါဘူး၊ ကျွန်မလဲ ဒီအကြောင်းကို မပြောချင်ပေမဲ့ ကျွန်မရဲ့ Diary လေးပေါ်မှာ မှတ်တမ်းတင်ထားချင်တဲ့ အတွက်ကြောင့် ရေးလိုက်ပါတယ်။

၂၀၀၈ခုနှစ်၊ မေလ(၃) ရက်နေ့ မြန်မာနိုင်ငံမှာ အင်အားပြင်းထန်တဲ့ နာဂစ်မုန်တိုင်းဝင်ရောက် တိုက်ခတ်သွားတယ်။ အပျက်အစီး၊ အဆုံးအရှုံး များတယ် စသဖြင့် သတင်းရခဲ့ပေမဲ့ ကျွန်မအနေနဲ့ ”မုန်တိုင်း ၀င်သွားတယ် ဆိုတော့ ပျက်စီးဆုံးရှုံးတာ တော့ ရှိမှာပေါ့ ” အဲဒီလောက်ပဲ တွေးခဲ့ မိပြီး သိပ်အလေးအနက် မထားခဲ့မိပါဘူး။ မုန်တိုင်းဝင်တဲ့နေရာဟာလဲ ကျွန်မရဲ့ ဇာတိမြေ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း တွေ ရှိတဲ့ နေရာနဲ့ အလွန်ပဲ အလှမ်းဝေးတဲ့ အတွက်ကြောင့် အဲဒီလို သဘောထားမိခဲ့တာ ဖြစ်မှာပါ။

နောက်ပိုင်း အင်တာနက် စာမျက်နှာ အမျိုးမျိုးကနေ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသွားတဲ့ မြင်ကွင်းဓာတ်ပုံတွေ၊ သတင်းတွေ၊ ဂျပန် ရုပ်မြင်သံကြားက သတင်းတွေ အဆက်မပြတ် ၀င်လာပါတော့တယ်။
တစ်ရက် ကျောင်းမှာ အင်တာနက် ထိုင်ကြည့်နေတုန်း မြင်လိုက်ရတဲ့ ဓာတ်ပုံတွေကြောင့် အလွန်ပဲ အံ့သြကြေကွဲ ခဲ့ရပြီး၊ ”ဟင်..ဟယ်....အဲဒီလောက်ကြီးတောင် ဖြစ်တာလား” ဆိုပြီး ကျွန်မရဲ့ အာမေဋိတ်သံ အမျိုးမျိုးကြောင့် အခန်းထဲမှာ စာလုပ်နေကြတဲ့ ကျွန်မရဲ့ ဂျပန်သူငယ်ချင်းတွေတောင် ကျွန်မကြည့်နေတဲ့ ကွန်ပြူတာ ဆီကိုလာကြည့်ကြပါလေရဲ့။

ကျွန်မရဲ့ ဆွေမျိုးသားချင်းတွေမဟုတ်၊ ကျွန်မနဲ့ လဲဘယ်သူမှမသိ ပေမဲ့
”အော်.. ငါတို့နဲ့ တစ်မြေတည်းကသီးတဲ့ ဆန်ကိုစား၊ တစ်ရေတည်းသောက်၊ ဘာသာစကားတစ်မျိုးကို အတူတူ ပြောကြတဲ့ ငါတိုရဲ့ နိုင်ငံသားတွေ၊ အနာဂတ်ရဲ့ မျိုးဆက် ကလေးသူငယ်တွေ ဒီသဘာဝဘေးအန္တရာယ် ဆိုးကြီးကြောင့် အသက်အိုးအိမ် ဆုံးရှုံးနေကြရပါပေါ့လား။ ”
ဆိုပြီး အလွန်ကို စိတ်မချမ်းမြေ့ဖြစ်ခဲ့ရပါတယ်။
အဲဒီလောက် လူတွေအများကြီး သေကျေပျက်စီး ကြပြီး အပျက်အစီး အဆုံးအရှုံး များလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိပါဘူး။

ကဲ...ဒီလိုစိတ်မကောင်းဖြစ်နေရုံနဲ့ ပြီးရောလား...
နေစရာအသင့်၊ စားစရာ အသင့် ရှိနေတဲ့ ကျွန်မဘာလုပ်မလဲ။
နေစရာ၊ စားစရာ၊ အ၀တ်အထည် မရှိ၊ ဆွေမျိုးသားချင်းတွေ ဆုံးရှုံးသွားကြတဲ့ လူတွေအတွက် ဘာလုပ်ပေးနိုင်မလဲ။

မြန်မာနိုင်ငံရဲ့ အဝေးတစ်နေရာမှာ ရောက်နေတော့ ကိုယ်တတ်နိုင်သလောက် အလှူငွေ ထည့်ပြီး လှူလိုက်ရုံ ပေါ့။ အလှူငွေထည့်လို့ရတဲ့ နေရာတွေလဲ အများကြီး။
မြန်မာနိုင်ငံက NGO အဖွဲ့အစည်းတွေဆီ ဆက်သွယ်ပြီး လှူမလား။
အင်တာနက် ပေါ်ကနေ credit card သုံးပြီးလှူမလား။
International NGO တွေဆီ ဆက်သွယ်ပြီး လှူမလား။
ဂျပန်ရုပ်မြင်သံကြားဌာနတွေရဲ့ bank account ထဲ ထည့်ပြီး လှူမလား။
ကျိုတိုက အစ်မ တစ်ယောက် ဦးဆောင်အလှူငွေ ကောက်ခံပြီး မြန်မာနိုင်ငံက NGO အဖွဲ့အစည်းတွေဆီ ဆက်သွယ်ပြီး လှူဒါန်းပေးတဲ့ Cyclone Victim Rescue Fund ဆီကို ပို့ပြီးလှူမလား။
ကြိုက်သလို လှူလို့ ရပါတယ်။

ဒါပေမယ့် ကျွန်မစဉ်းစားတယ်။ ဘယ်လောက်လှူနိုင်မှာလဲ လို့လေ...
ကိုယ်တစ်ဦးတည်းတတ်နိုင်တဲ့ ငွေကြေးပမာဏထက် ပိုပြီး တတ်နိုင်သလောက် ထိထိရောက်ရောက် လှူဒါန်းချင်တဲ့ ဆန္ဒတွေ ဖြစ်လာနေခဲ့တယ်။
မုန်တိုင်းဘေးသင့်တဲ့ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒါန်းနေတဲ့ သူတွေကို လဲ အထူးအားကျပြီး သာဓုခေါ်မိပါတယ်။

အဲဒီအချိန်မှာ အင်ဒိုနီးရှားသူငယ်ချင်းလေး တစ်ယောက်ဆီက e-mail ၀င်လာပါတယ်။ မြန်မာမှာ ကြီးမားပြင်းထန်လှတဲ့ မုန်တိုင်းတိုက်သွားတာ သိရတဲ့ အတွက်ဝမ်းးနည်းကြောင်း အစချီထားပြီး၊ ”မုန်တိုင်းဘေးသင့်တဲ့ လူတွေအတွက် အလှူငွေ မကောက်ဘူးလား၊ အလှူငွေ ကောက်မယ်ဆိုရင် လိုအပ်တာတွေ ကူညီပေးလို့ရတယ်၊ အင်ဒိုနီးရှားမှာ ၂၀၀၆ ခုနှစ်က ဖြစ်သွားခဲ့တယ် ဆူနာမီ ငလျင်ဘေးသင့်သူ တွေအတွက် အလှူငွေ ကောက်ခဲ့တဲ့အတွေ့အကြုံ ရှိတဲ့အတွက် ကူညီပေးမယ်လေ”
ဆိုတဲ့ e-mail ကြောင့် ကိုယ်တတ်စွမ်းသရွေ့ လှူဒါန်းတာထက်ပိုပြီး တစ်ခုခု လုပ်ချင်နေတဲ့ ကျွန်မဟာ ”လုပ်မယ်၊ အလှူငွေကောက်တဲ့ အတွေ့ အကြုံလဲ မရှိတဲ့ အတွက် လိုအပ်တာ အကူအညီပေးပါနော်” လို့စာပြန်လိုက်ပါတယ်။

နီးစပ်ရာ မြန်မာသူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်တဲ့ အခါ သူတို့ကလဲ တတ်အားသရွေ့ ကူညီမယ်၊ ဆိုပြီး လက်တွဲလာကြတဲ့ အတွက် အလွန် ၀မ်းမြောက်ခဲ့ရပါတယ်။
ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ကို ဦးဆောင်စေပြီး ကျွန်မတို့ရဲ့ အလှူခံမဲ့ အစီအစဉ် စတင်ကြပါတော့တယ်။

ပြင်ဆင်ခြင်း

မြို့ထဲမှာ အလှူခံဖို့အတွက် မြို့နယ် ရဲတပ်ဖွဲ့ရဲ့ ထောက်ခံချက်လိုအပ်တယ်။ အလှူခံတဲ့ အကြောင်းအရင်း၊ အလှူခံမဲ့ နေ့ရက်၊ အချိန် နဲ့ နေရာ အတိအကျ ကိုမြေပုံနဲ့ တကွ တွဲတင်ရပြီး၊ ထောက်ခံချက်ရဖို့အတွက် အနည်းဆုံး (၁)ပတ်လောက် စောင့်ရပါတယ်။ ထောက်ခံချက်ရဖို့ စောင့်နေစဉ် အတောအတွင်းမှာ ကျွန်မတို့တွေဟာ အလှူခံထွက်ရင် လိုအပ်မဲ့ ပိုစတာ၊ အလှူခံပုံး စတာတွေကို ပြင်ဆင်ကြရပါတယ်။ ပိုစတာတွေကိုလဲ ကျွန်မရဲ့ အင်ဒိုနီးရှား သူငယ်ချင်းကပဲ ဦးဆောင်ပြီး ပိုစတာ (၂)မျိုးကို ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ(၂)မျိုးစီနဲ့ ပြင်ဆင်ခဲ့ကြတယ်။
ဒါက ဂျပန်ဘာသာနဲ့ နောက်တစ်မျိုးပါ။

ကျွန်မတို့မြို့မှာ နေတဲ့ မြန်မာဦးရေဟာ အလှူခံထွက်ဖို့ အတွက်ကို မလုံလောက်အောင် နည်းလွန်းတဲ့အတွက် အင်ဒိုနီးရှား သူငယ်ချင်းလေးက သူကိုယ်တိုင်လဲ ပါဝင်ကူညီမယ်၊ သူ့သူငယ်ချင်း အင်ဒိုနီးရှားလေးတွေကို လဲအကူအညီတောင်းပေးပြီး စုစုပေါင်း အင်ဒိုနီးရှား သူငယ်ချင်း (၄)ယောက် (အဲဒီထဲက ၃ ယောက်ဟာ Ph.D တက်နေကြတဲ့ ကျောင်းသားတွေဖြစ်ပြီး၊ တစ်ယောက်ကတော့ Post-Doctorate ဖြစ်ပါတယ်) နဲ့ စင်ကာပူသူငယ်ချင်း (၁)ယောက် လက်တွဲကူညီပေးခဲ့ ကြတယ်။ သူတို့ ရဲ့ Volunteer စိတ်ဓာတ် နဲ့ Leadership skill တွေဟာ ချီးကျုး၊ အတုယူစရာ မကောင်းပေဘူးလား။

ဒီလိုနဲ့ ကျွန်မတို့ရဲ့ အလှူခံ အဖွဲ့လေးဟာ ”........ University Myanmar Student Volunteer Group ” ဆိုပြီးအလှူခံထွက်ဖို့ ခြေလှမ်းပြင်ကြပါပြီ။

အလှူခံထွက်ဖို့ လူအင်အားကနည်းပြီး အားလုံးကလည်း အချိန်နဲ့ လုပြီး သုတေသန လုပ်နေကြတဲ့ သူတွေချည်းပဲ ဖြစ်တဲ့အတွက် အားလုံးလဲ အဆင်ပြေတဲ့ မေလ နောက်ဆုံးရက်သတ္တပတ်ရဲ့ စနေ၊ တနင်္ဂနွေ (၂) ရက်တည်းပဲ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ကို ဒီမြို့က နိုင်ငံခြားကျောင်းသားတွေကို အကူအညီပေးနေတဲ့ Mori Volunteer အဖွဲ့ က အမျိုးသမီးကြီးများကလဲ အားပေးကူညီခဲ့ကြပါတယ်။

နောက်တစ်ခုကတော့ အဲဒီသူငယ်ချင်းရဲ့ အကြံပေးချက်နဲ့ပဲ တက္ကသိုလ်က campus အသီးသီးမှာ အလှူခံပုံး ထားဖို့ပဲ ဖြစ်တယ်။ အဲဒီအတွက်လဲ တက္ကသိုလ်က ခွင့်ပြုချက်ကို ရယူပြီးမှ တစ်လတိတိ ကျွန်မတို့ တက္ကသိုလ်ရဲ့campus (၄) ခုက ရုံးခန်းတွေမှာ အလှူခံပုံးလေးတွေ (၁)လတိတိ ထားခဲ့ပါသေးတယ်။
(ဘယ်လောက်ရရ ဆိုပြီးတော့ပါ၊ Better than nothing လေ၊ ဟုတ်တယ်မဟုတ်လား။)

ဒီပုံက တက္ကသိုလ် campus တစ်ခုရဲ့ ကျောင်းသားရေးရာ ရုံးခန်းရှေ့မှာ ထားခဲ့တဲ့ အလှူခံပုံးလေး ဖြစ်ပါတယ်။

ပါဝင်ကူညီခဲ့ကြတဲ့ သူငယ်ချင်းများအားလုံးကို အထူးလေးစားချစ်ခင်လျက်.........
(အလှူခံရရှိခဲ့ရပုံ နဲ့ ရရှိခဲ့တဲ့ အလှူငွေတွေကို ဘယ်လိုလှူဒါန်းခဲ့တယ် ဆိုတာကို အလှူငွေရှာပွဲ မှတ်တမ်း(၂)မှာ ဆက်ဖတ်စေချင်ပါတယ်ရှင်။)

Saturday, November 1, 2008

တို့ရဲ့ကမ္ဘာငယ်လေး

ဒီခေါင်းစဉ်နဲ့ ဂျပန်သီချင်းလေးကို ကြားဖူးကြပါသလား ရှင်။
It's a small world ဆိုတဲ့ အင်္ဂလိပ်စာသားနဲ့ သီချင်းလေးလဲ ရှိပါတယ်။
ကျွန်မကတော့ ဂျပန် သီချင်းလေးကို စပြီး ကြားဖူးခဲ့တာပါ။
ဒီသီချင်းလေးကို စပြီး ကြားဖူးခဲ့ တာကတော့ WFWP (Women Federation for World Peace) အဖွဲ့ က ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ဖြစ်ပါတယ်။ WFWPရဲ့ အခမ်းအနားတွေမှာ တက်ရောက်လာသူတိုင်းကို အဲဒီ သီချင်းစာရွက်လေးတွေ ဝေပေးပါတယ်။ အခမ်းအနားပြီး တိုင်း တက်ရောက်သူတွေ အားလုံးအတူတကွ အဲဒီသီချင်းလေးကို ဆိုကြပါတယ်။ ဒီသူချင်းလေးရဲ့ အဓိပ္ပာယ်လေး ကိုခံစားကြည့်ကြပါစို့ နော်။
သီချင်းစာသားလေးက တိုပေမယ့် အနှစ်သာရ ရှိလှပါတယ်။
ဂျပန်သီချင်းစာသားလေးကို ဘာသာပြန်ခံစားကြည့်ထားတာ ဖြစ်ပါတယ်ရှင်.......


တို့ရဲ့ ကမ္ဘာငယ်လေး

တိုရဲ့ ကမ္ဘာလေးထဲမှာ
ပျော်ရွှင်စရာတွေလဲရှိတယ်၊ ၀မ်းနည်းစရာတွေလဲရှိတယ်
တို့တွေအတူတကွ လက်တွဲကူညီပြီး နေကြတဲ့
တို့ရဲ့ ကမ္ဘာငယ်လေး

တို့ရဲ့ ကမ္ဘာ ကျဉ်းကျဉ်းလေး မလို့
နေရာတိုင်း သာတူညီမျှခံစားမျှဝေလို့
တို့ရဲ့ ကမ္ဘာဟာ လုံးဝန်းတဲ့အတွက်
အကျိုးသက်ရောက်မှု တွေဟာ တစ်ဆက်တည်းပါပဲ။

တို့ရဲ့ ကမ္ဘာလေးပေါ်က လူတိုင်းဟာ
အပြုံးလေးတွေကိုယ်စီ မျှဝေနိုင်မယ်ဆိုရင်
တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှု တွေ တိုးပွားလာပြီး
အခက်အခဲတွေ့တိုင်း လက်တွဲ ကူညီနိုင်ကြမှာပါ။
ဒါဟာ တို့ရဲ့ ကမ္ဘာငယ်လေးပါ။


ဂျပန်သီချင်းစာသားလေးကို ဖော်ပြလိုက်ပါတယ်။

小さな世界


世界中どこだって
笑いあり、涙あり
皆それぞれ助け合う
小さな世界

* 世界はせまい、世界は同じ
   世界は丸い、ただ一つ

世界中だれだって
ほほえめば、仲良しさ
皆論になり手をつなごう
小さな世界

repeat *


တီးလုံးလေးကို ဒီနေရာမှာ နားဆင်နိုင်ပါတယ်။ Internet Explorer နဲ့ ဖွင့်ရင် ပိုအဆင်ပြေပါတယ်။
အဲဒီမှာ ဂျပန်သီချင်းစာသားရော အင်္ဂလိပ်သီချင်း စာသားကိုပါ ဖတ်နိုင်ပါတယ်။

http://utagoekissa.web.infoseek.co.jp/itsasmallworld.html

Friday, October 31, 2008

Japanese Star Festival (တာနဘတ ပွဲတော်)

Tanabata (七夕) ပွဲတော်ကို ကျွန်မနေတဲ့ Sendai မြို့မှာ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ(၅)ရက် နေ့ကစပြီး (၈)ရက်နေ့ထိ ကျင်းပပါတယ်။ ဂျပန်စာလုံးအရ Tana(七) ဆိုတာက ခုနစ် (၇) ဖြစ်ပြီး bata(夕) စာလုံးရဲ့ အဓိပ္ပာယ်က ညနေခင်း ဖြစ်တယ်။

ရှေးက ဒဏ္ဍာရီ ပုံပြင်တွေအရ Altair ကြယ်နဲ့ Vega ကြယ်ဆိုတဲ့ ကြယ်နှစ်လုံးဟာ တစ်နှစ်မှာတစ်ခါသာ ဒီအချိန်ရောက်တိုင်း ဆုံတွေ့နိုင်ကြတာ ဖြစ်ပါသတဲ့။ ဒါကြောင့်မိုလို့ ဒီပွဲတော်ကို Japanese Star Festival လို့လဲ ခေါ်သေးတယ်။

ဒီပွဲတော်ကို ဂျပန်နိုင်ငံ အနယ်နယ် အရပ်ရပ်မှာ ကျင်းပလေ့ ရှိပေမဲ့ Sendai က တာနဘတ ပွဲတော်ဟာ ဂျပန်မှာ အထင်ရှားဆုံးပွဲတော် လို့ဆိုကြတယ်။

ဒီပွဲတော်ရဲ့ ထူးခြားချက်ကတော့ ဂျပန်လူမျိုးတွေဟာ မိမိတို့ဖြစ်ချင်တဲ့ ဆန္ဒတွေကို စာရွက်ရောင်စုံလေးတွေပေါ် မှာရေးပြီး အလှအပတန်ဆာဆင်ထားတဲ့ ၀ါးပင်လေးတွေမှာ ချိတ်ဆွဲ ဆုတောင်းရင် မိမိဆန္ဒပြည့်တယ်လို့ ယုံကြည်ကြတာပဲ။

ဒီပွဲတော်မှာ တွေ့ရတာကတော့ ဒီဇိုင်းစုံ၊ အရောင်စုံစက္ကူနဲ့ ပြုလုပ်ထားတဲ့fukinagashi လို့ခေါ်တဲ့ မီးပုံးသဏ္ဍန်အလှဆင်ထားတဲ့အရာတွေဖြစ်ပြီး ၊ ပုံစံအမျိုးမျိုးဖော်ထားတဲ့ စက္ကူစတွေကို တွဲလျားချထားတယ်။ Sendai မြို့ရဲ့ရှည်လျားကျယ်ဝန်းလှတဲ့ shopping arcade ကြီး တစ်လျောက်မှာ (ကျွန်မတို့ဆီက မီးပုံးတွေ ချိတ်ဆွဲထားသလို) ချိတ်ဆွဲထားတာ၊ ကြည့်လို့မ၀အောင်ပါပဲ။

ပွဲတော်ကြီးဟာ ကြက်ပျံမကျ စည်ကားလှပါတယ်။ လူတွေကြားထဲ တိုးပြီး ဒီဇိုင်းစုံ၊ အရောင်စုံ လျှောက်ကြည့်ရတာ ပျော်စရာပါ။ ကဲ- ကျွန်မနဲ့ အတူ လျှောက်ကြည့်ရအောင်လား.....
အောက်ကပုံရဲ့ အလယ်ဆုံး decoration က အော်ရိဂမိ (origami) လို့ခေါ်တဲ့ စက္ကူခေါက်တဲ့ နည်းနဲ့ ငှက်ရုပ်သေးသေးလေးတွေ အများကြီးခေါက်ပြီး သီတန်းထားတာပါ။ ပုံကြီး ချဲ့ကြည့်ရင် မြင်နိုင်ပါတယ်။

ဒီမှာလဲ နောက်တစ်ခု အ၀ါရောင် ငှက်ရုပ်လေးတွေပါ။
ဒီအရုပ်ပုံလေးတွေ ကလဲ ဆန်းပါတယ်။
ဒါကလဲ တစ်မျိုး....
ရှည်လျားကြီးမားလှတဲ့ fukinagashi တစ်မျိုး....

ညနေပိုင်းအချိန် အလှတစ်မျိုးပေါ့........

Jozenji လမ်းမကြီးဘက် ကိုထွက်ပြီး ကပွဲတွေ သွားကြည့်ကြအုံးစို့...
အကအဖွဲ့ တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ လမ်းမကြီးကို ပတ်ပြီး ဖျော်ဖြေနေကြတယ်။
ဒီကလေးလေးတွေ ကနေတာ ချစ်စရာကောင်းတယ်...

တာနဘတ ပွဲတော် ဖြစ်ပေါ်လာပုံ နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ ပုံပြင်လေး အကြောင်း ဆက်ရေးပါအုန်းမယ်။

Posts with same label

Related Posts with Thumbnails