Sunday, August 29, 2010
Tobu World Square က မြန်မာ့သမိုင်းဝင်နေရာလေးတစ်ခု
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း RIKEN(Science Research Institute) မှာ နွေကျောင်းသွားတက်ရင်း၊ Presentation လဲအပြီး ၊တနင်္ဂနွေ အားလပ်ရက် တစ်ရက်ရတာနဲ့ သွားဖြစ်ခဲ့တဲ့ နေရာလေးတစ်ခု အကြောင်း ပြောပြချင်ပါတယ်။
Tochigi prefecture မှာ ရှိတဲ့ Nikko City ကိုသွားလည်ဖြစ်ခဲ့တယ်။ Nikko သွားမယ်ဆိုရင် Asakusa ဘူတာ မှာရှိတဲ့ Tobu Sightseeing Center မနက်အစော ရုံးခန်းဖွင့်ချိန်အမှီ သွားပြီး Discount Pass လေးတွေကို ရွေးချယ် ၀ယ်ပြီးသွားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ Tobu Sightseeing Center ကမနက် (၇)နာရီ ၄၅ မိနစ်မှာ စဖွင့်ပါတယ်။ အဲဒီမှာ ၀ယ်လို့ ရတာက
၁။ World Heritage Pass
၂။ Kinugawa Themepark Pass
၃။ All Nikko Pass ဆိုပြီး လက်မှတ် ၃ မျိုးရှိပါတယ်။ ဒီမှာ ကြည့်နိုင်ပါတယ်။
Nikko Temples နဲ့ Shrine တွေဆီကို အဓိကထားပြီး သွားချင်ရင်တော့ World Heritage Pass ကိုဝယ်ရပါတယ်။ ကျွန်မတို့ကတော့ Tobu Word Square ဘက်ကို အရင်သွားချင်တာနဲ့ Kinugawa Theme Park Pass ကို ၀ယ်ခဲ့ပါတယ်။ အဲဒီလက်မှတ်ထဲမှာ အသွားအပြန် ရထားခ နဲ့ Tobu World Square ၀င်ကြေး၊ Kinugawa Onsen ဘူတာကနေ Tobu World Square, Edo Wonderland စတဲ့ နေရာတွေကိုသွားတဲ့ ဘာစ်ကားလက်မှတ် တွေ ပါဝင်ပါတယ်။
တစ်ကယ်တမ်း သုံးလေးရက်လောက် အချိန်ပေးပြီး လည်နိုင်မှ Tobu Nikko Station နဲ့ Kinugawa Onsen Station ကနေရာတွေ အစုံ ရောက်နိုင်မှာပါ။ သွားစရာကြည့်စရာ နေရာတွေက အများကြီးပါ။
Asakusa ဘူတာကနေမနက် ၈ နာရီ ၈မိနစ် အမြန်ရထားနဲ့ စထွက်ပါတယ်။ Shimo-Imaichi ဆိုတဲ့ ဘူတာ မှာ ရထားနောက်ဆုံးတွဲ ၂ တွဲက Tobu Nikko ဘူတာဖက်ကို ခွဲထွက်သွားပြီး၊ ကျန်တဲ့ ၄ တွဲက Kinugawa Onsen ဘူတာဘက်ကို သွားပါတယ်။ ရထားတွဲ မှားမစီးမိဖို့ အရေးကြီးပါတယ်။
ကျွန်မတို့က Tobu World Square ကိုသွားမှာမိုလို့ Kinugawa Onsen ဘူတာဘက်ကို သွားတဲ့ ရထားတွဲကို စီးရပါတယ်။ Kinugawa Onsenဘူတာကို ၁၀နာရီ ခွဲခါနီးလောက်မှာ ရောက်ပြီး၊ ဘူတာကနေ ဘာစ်ကား ၁၀မိနစ်လောက် စီးပြီး Tobu World Square ကိုဆက်သွားရပါတယ်။
Tobu World Square အကြောင်း
သွားပုံသွားနည်း နိဒါန်းချီနေရတာနဲ့ပဲ.... အခုမှ Tobu World Square အကြောင်း ပြောပြပါတော့မယ်။
ဘယ်လိုနေရာပါလဲ။
ကမ္ဘာအနှံ့က ထင်ရှားကျော်ကြားတဲ့ သမိုင်းဝင်အဆောက်အအုံတွေ ရဲ့ ပုံစံတူတွေကို တစ်နေရာထဲမှာ ကြည့်ရှုနိုင်တဲ့ ဥယျာဉ်ကြီး ဖြစ်ပါတယ်။ အဲဒီအဆောက်အအုံတွေ တည်ဆောက်ထားပုံက တော့ အဆောက်အအုံရဲ့ နဂိုမူလ အရွယ်အစားရဲ့ ၂၅ပုံ ၁ပုံ ကို ပုံစံတူ၊ နဂိုမူလလက်ရာအတိုင်း အသေးစိတ် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒီဥယျာဉ်ကြီး ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သမိုင်းဝင် အဆောက်အဦး တွေရဲ့ ဗိသုကာလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး၊ လူသားတွေရဲ့ စိတ်ထဲမှာ ဒီဗိသုကာ လက်ရာတွေကို ဆက်လက်ပြီး ထိန်သိမ်းစောင့်ရှောက်ချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာစေချင်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်။
ကမ္ဘာအနှံ့က သမိုင်းဝင် ဗိသုကာလက်ရာတွေကို တစ်နေရာထဲမှာ လေ့လာကြည့်ရှုနိုင်တဲ့ ဗိသုကာပြတိုက် ကြီးလို့လဲ ပြောနိုင်ပါတယ်။ ဒီပြတိုက်ကြီးထဲမှာ နိုင်ငံပေါင်း ၂၁နိုင်ငံက UNESCO ရဲ့ World Heritage စာရင်းဝင် အဆောက်အဦးပေါင်း ၄၅ခု အပါအ၀င် ၊ အဆောက်အဦးပေါင်း ၁၀၂ ခု ပြသထားပါတယ်။
America Zone, Egypt Zone, Europe Zone
Asia Zone,Japan Zone, Modern Japan Zone ဆိုပြီး ခွဲခြားပြသထားပါတယ်။
ဓာတ်ပုံတွေ အများကြီးရိုက်လာခဲ့ပေမဲ့ ပုံအချို့ကိုပဲ မျှဝေပေးပါရစေ။
ကဲ ကျွန်မနဲ့ အတူ လျှောက်ကြည့်ကြရအောင်လား။ ပထမဆုံးဝင်ဝင်ချင်း တွေ့ရတာက
Modern Japan Zone ဖြစ်ပါတယ်။
ဒီဇုံမှာ ၀င်ဝင်ချင်း စတွေ့ရတာကတော့ ၂၀၁၂ မှစဖွင့်မဲ့ Tokyo Skytree ကိုတွေ့ရတယ်။
 Tokyo Sky Tree
တိုကျို Dome
လူရုပ်လေးတွေကို လဲ အသေးစိတ် ပြုလုပ်ထားတယ်။ ဒီဥယျာဉ်ကြီးထဲမှာ တစ်ရုပ်နဲ့ တစ်ရုပ် မတူတဲ့ လူရုပ်လေးတွေ စုစုပေါင်း ၁၄၀၀၀၀ ရှိတယ်တဲ့။
တိုကျို ဘူတာကြီး
နောက်ပြီး တိုကျိုတာဝါ၊ နာရိတာ လေဆိပ်ကြီးစတဲ့... ပုံစံတူတွေကို လည်းကြည့်ခဲ့ရတယ်။
အဲဒါပြီးတော့ အမေရိကားဇုံ ဖြစ်ပါတယ်။
Statue of Liberty with American Gate
World Trade Center နဲ့ Empire State building
Empire State building အနီးကပ်
အီဂျစ်ဇုံက ပိရမစ်တွေဆီ ရောက်ပါပြီ။
The Great Temple of Abu Simbel (Egypt)
အဲဒီနောက် ဥရောပဇုံက အဆောက်အဦးတွေ အများကြီး တွေ့ရပါတယ်။
 အပေါ်က ပုံလေးက England က Tower Bridge ပါ။ သဘောင်္လေးတွေက ရွေ့လျားနေပြီး သဘောင်္က တံတားအောက် ဖြတ်ရင် တံတားကြီး က အဖွင့်အပိတ် လုပ်ပေးတယ်။
ဒီလိုမျိုး ဘွန်ဇိုင်း သစ်ပင်ငယ်လေးတွေကို အဆောက်အဦး တွေနဲ့ ပနံရအောင် စုစုပေါင်း အပင်ငယ်လေးတွေ ၂၀၀၀၀ စိုက်ပျိုးထားတယ်တဲ့။
ဥရောပဇုံက အဆောက်အအုံတွေ အများဆုံးပါပဲ။ ကျွန်မက ဥရောပကိုတစ်ခါမှ မရောက်ဖူးသေးတော့ သူတို့ ရဲ့ အဆောက်အဦးတွေ၊ နန်းတော်ကြီးတွေ၊ Church ကြီးတွေ ကြည့်ရတာ အံ့မခန်းပါပဲ။ လက်ရာမြောက်လွန်းလို့ ချီးကျူးမိပါတယ်။
ဥရောပဇုံ ပြီးတော့ အာရှဇုံကို ရောက်ပါတယ်။ အောက်ကပုံကိုမြန်မာတွေအားလုံး မြင်ဖူးမှာပါနော်။
  တရုတ်ပြည်က Forbidden City
တရုတ်ပြည်က Great Wall ပုံတူနဲ့ ၀ူခုန်း၊ ပါဂျဲ့ အရုပ်လေးတွေကို လဲ သဘောကျခဲ့မိပါတယ်။
ပြီးတော့ ဂျပန်ဇုံ ကို ရောက်ပါတယ်။ ဂျပန်နန်းတော်တွေ နဲ့ Temple တွေကို ပြသထားပါတယ်။
ကမ္ဘာအနှံ့က အံ့မခန်း ဗိသုကာလက်ရာတွေကို တစ်ဝကြီးကြည့်ခဲ့ရပါတယ်။ ၅နှစ်တိုင်တိုင် တည်ဆောက်ခဲ့ရတဲ့ Tobu World Square ရဲ့ ဗိသုကာပညာရှင်တွေကိုလည်း အံ့သြချီးကျူး မိပါတော့တယ်ရှင်။ 
Tobu World Squareကို လှည့်ပတ်ကြည့်ပြီးချိန်မှာ နေ့လည်(၂)နာရီလောက် ရှိနေပြီမို့ အချိန်သိပ်မကျန်တော့ တာကြောင့် World Heritage စာရင်းဝင် Tobu Nikko ဘက်က တောအုပ်ကြီးထဲမှာ ရှိတဲ့ Temples တွေဆီ ကို အပြေးအလွှား မှီရာရထားနဲ့ လိုက်ပြီး အသော့နှင်ခဲ့ကြပါသေးတယ်။
မသွားဖူးသေးတဲ့ သူငယ်ချင်းတွေအတွက် မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်။
မီးငယ်လေးရဲ့ ဒိုင်ယာရီဖြစ်ပါတယ်။
3 comments:
ချော(အစိမ်းရောင်လွင်ပြင်) said...
မရောက်ဖူးတဲ့နေရာတွေမို့ စိတ်ဝင်တစားကြည့်သွားပါတယ်. မီးငယ်ရေ
ပြန်လည်မျှဝေပေးတာ ကျေးဇူးပါနော်..
ပုံတွေက လှလဲအရမ်းလှတယ် စိတ်ဝင်စားဖို့လည်း ကောင်းလှတယ်..
တကယ်ကျေးဇူး
လသာည said...
အဲ့ကို မရောက်ဖူးသေးဘူး။ ဒီတခါ သူနဲ့အတူ ရောက်အောင် သွားပစ်လိုက်မယ်း)))
တင်ပေးတာ ကျေးဇူးနော်။ ဒီပိုစ်အသစ်တွေ တင်ထားတာ မသိလိုက်ဖူး။ အခုမှ တွေ့တယ်။
Meengelay said...
Thank you very much for your comments.
With love.
Posts with same label
Related Posts with Thumbnails