အားလုံးပဲ ပျော်ရွှင်ဖွယ်နွေရက်များ ဖြစ်ကြပါစရှင်။ ဂျပန်မှက ဇူလိုင်လလယ်လောက်က စပြီး စက်တင်ဘာ လလယ်လောက်ထိ နွေရာသီဖြစ်ပါတယ်။
ဒီနှစ်နွေရာသီက ကျွန်မနေတဲ့ ဂျပန်မြောက်ပိုင်းကမြို့မှာတောင် ၃၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ မြင့်တက်ပြီး ပူပြင်းပါတယ်။
ဒီတစ်ခေါက်တော့ ကျွန်မရဲ့ ပျော်ရွှင်ဖွယ် နွေကျောင်းပိတ်ရက်လေးတစ်ရက် အကြောင်း မျှဝေပါရစေနော်။
ကျွန်မရဲ့ Campus ကတောင်ပေါ်မှာ ဖြစ်တဲ့အပြင် Lab ကလဲ ၁၀ထပ်မြောက် မှာရှိတာမို့ Lab ကနေ လှမ်းကြည့်ရင် ပင်လယ်ကြီးကိုမြင်နေရတယ်။ တစ်ခါတစ်လေ ရာသီဥတုသာယာရင် သဘောင်္လေးတွေကိုတောင် မြင်ရတယ်။
ဒီမြို့မှာနေတာ၎နှစ်ကျော်နေပြီ။ ဒါပေမဲ့ အဲဒီလောက်နီးနေတဲ့ ပင်လယ်ကမ်းခြေဆီကို သွားဖို့ တစ်ခါမှ စိတ်မကူးခဲ့မိဘူး။ ဒီတစ်နှစ်တော့ သူငယ်ချင်းတွေ လဲစုံတုန်း၊ ကြိုတင်မစီစဉ်ထားဖြစ်ပဲ ယူရိအာဂဲမြို့ဆိုတဲ့ နေရာက ကပင်လယ်ကမ်းခြေလေး တစ်ခုဆီကို သွားဖြစ်ကြတယ်။ ကျွန်မနေတဲ့ ဆင်ဒိုင်းမြို့ကနေ ဘစ်နဲ့ မိနစ်၄၀လောက်ပဲ သွားရတာ။ အဲဒီကမ်းခြေလေးကလဲ နွေရာသီ အချိန်ပဲ ဖွင့်တဲ့ ယာယီကမ်းခြေလေးပဲဖြစ်တယ်။
အဲဒီနေ့က နေအလွန်ပူပေမဲ့ ပင်လယ်ရေနဲ့ ထိတွေ့ရတာ လူရောစိတ်ရော လန်းဆန်းအေးမြသွားတယ်။
ညီမလေးတွေကတော့ ဓာတ်ပုံတွေ အမျိုးမျိုး ရိုက်ကြပြီး ရေထဲကကို မတက်တော့ဘူး။
ဒါက ရေချိုးခန်းလေးတွေပါ။ တစ်ယောက်တစ်ရာတဲ့။
အဲဒီနောက် နေ့လည်စာစားပြီး တော့ နေ့လည်(၁)နာရီခွဲလောက်ပဲ ရှိသေးတာ ၊ ညနေပိုင်း မီရှူးမီးပန်းပစ်တဲ့ပွဲ ၊ ဂျပန်လို ဟနဘိပွဲတော် ကိုစောင့်ကြည့်ဖို့ အတွက်ဘယ်နေရမှာ နားရပါ့။ နေကလဲပူပါ့။ ကံကောင်းထောက်မစွာနဲ့ ကားဂိတ်နားက ကလေးကစားကွင်းထဲက သစ်ပင်ရိပ်မှာ နေရာရကြတယ်။ ညနေ၃ နာရီခွဲလောက် မိုးအုံ့သွားတာနဲ့ ပွဲတော်ဘက်ကို ထွက်လာကြတယ်။
သူများတွေက ဟနဘိကြည့်ဖို့ အခင်းတွေခင်းပြီး နေရာ ကြိုတင်ဦးထားကြတဲ့ နေရာရောက်လာတယ်။
ကောင်မလေးတွေက သူတို့ ဂျပန်ရိုးရာ Yukata လို့ခေါ်တဲ့ နွေရာသီ ၀တ်စုံလေးတွေ ၀တ်ကြတယ်။
နေလဲဝင်တော့မယ်။စောင့်ရတာ နေ့လည်ထဲကဆိုတော့ ပင်ပန်းလှပြီ။
မီးပုံးလေးတွေမျှောနေပြီ။ ဒါပြီးရင်တော့ ဟနဘိ ကြည့်ရတော့မှာပါ။
ရေထဲကနေထွက်လာသလိုမျိုးမြင်ရတာပါ။ မိုးပေါ်ကဟနဘိပဲကြည့်ဖူးသေးတော့ ဒါမျိုး ကြည့်ရတာ စောင့်ရကျိုးနပ်သွားတယ်လို့ပဲ ဆိုရမှာပေါ့။


