မောင်လေး NY အပျင်းပြေဖတ်ဖို့-


ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မမနေတဲ့ Sendai မြို့မှာ ကျင်းပခဲ့တဲ့ Jazz Festival ကိုသွားခဲ့တဲ့အကြောင်း ပြောပြချင်တယ်။ အယင်နှစ်တွေက ဒီပွဲတော်ရှိတယ် ဆိုတာကြားမိပေမယ့် မသွားဖြစ်ခဲ့ပဲ ဒီနှစ်မှပဲ ပထမဆုံးအကြိမ် သွားဖြစ်တော့တယ်။ အဲဒီပွဲတော်ကို Kotodai ပန်းခြံ နဲ့ အဲဒီပန်းခြံ နားက Johzenji ဆိုတဲ့ လမ်းမကြီး တစ်လျောက်မှာ ကျင်းပတယ်။ အဲဒီပန်းခြံနဲ့ Johzenji လမ်းမကြီးကတော့ Sendai မြို့ မှာ ပွဲတော်တွေ အမျိုးမျိုး ကျင်းပတဲ့နေရာပေါ့။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလရဲ့ ဒုတိယအပတ် စနေနဲ့တနင်္ဂနွေနေ့ မှာ မနက် ၁၁နာရီလောက်ကစပြီး ည ၉နာရီလောက်ထိ ကျင်းပကြတယ်။ ဒီပွဲတော်ကို အနယ်နယ် အရပ်ရပ်က တီးဝိုင်း အဖွဲ့တွေ အများကြီး လာပြီးတီးမှုတ်ကြတယ်။ စုစုပေါင်း တီးဝိုင်းအဖွဲ့ ၇၀၀ကျော် လောက် ရှိတယ်။ Jozenji လမ်းမကြီးက ဘေးတစ်ဘက်တစ်ချက်မှာ သစ်ပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လမ်းလယ်ခေါင်မှာလဲ အတော်ကျယ်တဲ့ လမ်းလယ်ကျွန်းရှိပြီး အဲဒီကျွန်းရဲ့ တစ်ဘက်တစ်ချက်မှာလဲ သစ်ပင်ကြီးတွေက စီတန်းနေတယ်။ သစ်ပင်တွေရဲ့အလယ် ကျွန်းပေါ်မှာ လူတော်တော်များများ လမ်းလျှောက်လို့ရတဲ့ လမ်းလေးရှိပြီး ထိုင်ခုံလေးတွေ လဲရှိတယ်။

Johzenji လမ်းမကြီးဘက်ကို ၀င်လိုက်တာနဲ့ တီးလုံးသံတွေ ကိုကြားရပြီး လမ်းလယ်ခေါင် ကျွန်းလေးပေါ်မှာ အဖြူရောင် အမိုးလေးတွေရဲ့ အောက်မှာ တီးမှုတ် နေကြတဲ့ တီးဝိုင်း အဖွဲ့လေးတွေ အများကြီးကို တွေ့ရတယ်။ လမ်းမကြီးရဲ့ ပလက်ဖောင်းဘေး မှာလဲ တီးခတ်၊ သီဆို ဖျော်ဖြေ နေကြတဲ့ တီးဝိုင်းတွေ လဲရှိတယ်။ လူတွေက သူတို့နှစ်သက်တဲ့ တီးဝိုင်းအဖွဲ့တွေ ရှေ့မှာ ယဉ်ကျေးစွာနဲ့ရပ်ပြီး လက်ခုပ် တဖြောင်းဖြောင်း တီးပြီး အားပေးကြတယ်။ တစ်ချို့ ကောင်မလေး ငယ်ငယ်ေ

လးတွေဆို စီးချက်နဲ့အညီ လိုက်ပြီး ခန္တာကိုယ်လေး တွေက ယိမ်းခါနေကြတယ်။ မမတို့လဲ တီးဝိုင်း တစ်ခုပြီး တစ်ခုပြောင်းပြီး နားထောင်ကြတယ်။ တချို့ တီးဝိုင်းတွေဆို လူတွေများလွန်းပြီး တိုးမပေါက်တော့လို့ ပြန်လှည့်ခဲ့ရတယ်။ မမက ဆူဆူညံညံ တီးလုံးတွေကို မနှစ်သက် တတ်ခဲ့ပေမယ့် ဒီမှာတော့ လာနားထောင်တဲ့ ပရိတ်သတ်ဟာ အောဟစ် ဆူညံခြင်းမရှိပဲ တိတ်ဆိတ်စွာနဲ့ ဂီတသံစဉ်တွေကို ခံစားမှုအပြည့်နဲ့ အားပေး နေကြတာကို တွေ့ရတယ်။ သူတို့နဲ့အတူတူ ၀င်ရောက် နားထောင် ခံစားရင်း ဂီတသံစဉ် အမျိုးမျိုးကို နားထောင်ပြီး ပျော်ရွှင်နေခဲ့တယ်။ တစ်နေရာစီမှာ တီးဝိုင်းအဖွဲ့တွေက အလှည့်ကျ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြောင်းပြီး ဖျော်ဖြေကြတယ်။
ဒီလိုနဲ့ လမ်းမကြီးတစ်လျောက် လှည့်ပတ်နားထောင်ရင်း ဗိုက်ဆာလာတာနဲ့ မုန့်ဆိုင်တွေရှိတဲ့ Kotodai ပန်းခြံ ဘက်ကို ထွက်ခဲ့တယ်။

Kotodai ပန်းခြံ ထဲမှာတော့ တီးဝိုင်းအဖွဲ့ကြီးတွေက စင်မြင့် ကြီးပေါ်မှာ တီးခတ်ဖျော်ဖြေနေတာ တွေ့ရတယ်။

ဒီဘက်မှာလဲမုန့်ဆိုင်တန်းတွေ၊ အဖျော်ရမကာဆိုင်တန်းတွေနဲ့ လူတွေတိုးမပေါက်အောင် စီကားနေတယ်။ ဘာစားရမလဲ လိုက်ရှာရင်း မုန့်ဆိုင်တန်း တစ်ခှုရှေ့မှာ လူတန်းရှည်ကြီး တန်းစီနေတာတွေ့လို့ ဘာဆိုင်လဲလို့ကြည့်လိုက်တော့ Sendai မြို့ရဲ့ နာမည်ကြီး စားစရာ တစ်မျိုးဖြစ်တဲ့ ဂရူတန်း(နွားလျှာ) ယာခိ(အကင်) ဆိုင်ဖြစ်နေပါပေါ့လား။


ယာခိနိခု(အသားကင်)ဆိုင်တွေလဲ အများကြီးပဲ။ ဂျပန်ရိုးရာ မုန့်ဆိုင် တွေလဲ အများကြီးပဲ။ မမတို့ဆီက မုန့်လင်မယား (မုန့်အုပ်ကလေး) နဲ့ပုံစံတူတဲ့ မုန့်လဲရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့မုန့်က မုန်နှစ်ကို မုန့်လုပ်တဲ့ ခွက်ကလေးတွေထဲ လောင်းထည့်ပြီး တကောလို့ခေါ်တဲ့ ရေဘ၀ဲ အသားတွေကို သေးသေးလေး တုံးပြီးထည့်တယ်။



ဒီလိုနဲ့ ဘာစားရမလဲ ရှာရင်း မုန့်နှစ်ထဲမှာ ပုစွန်ခြောက် အသေးလေးတွေ၊ ငါးနဲ့လုပ်ထားတဲ့ အမှုန့်လေးတွေ ထည့်လိပ်ပြီး ကြော်ထားတဲ့ မုန့်တစ်ခုနဲ့ (မုန့်ရေပါးကို သတိရမိတယ်၊ တူတော့မတူပါဘူး) ၀က်သားကင် ကြီးကြီးတစ်ချောင်း၊ သောက်စရာ တစ်ဗူးဝယ်ပြီး ထိုင်စားဖို့နေရာ လိုက်ရှာတယ်။ လူတော်တော်များများလဲ စားသောက်စရာတွေ ၀ယ်ပြီး သစ်ပင်အောက်တွေမှာ၊ ပန်းခုံတွေပေါ်မှာ ထိုင်ပြီးစား

သောက်ရင်း အပန်းဖြေနေကြတယ်။ မမတို့လဲ ဗိုက်ဆာဆာနဲ့ ထိုင်ပြီးစားနေတုံး စတိုင်ကျကျ ဟန်လုပ်ပြီး ထိုင်နေတဲ့ ခွေးကလေး တစ်ကောင်ကို တွေ့လိှု့ သဘောကျပြီး ဓာတ်ပုံရိုက်လာခဲ့သေးတယ်။ (ဒီမှာက အိမ်မွေး တိရစ္ဆာန်တွေကို သားသမီးလို သဘောထားပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ကြတယ်။)
မမ အဓိကထား ပြောပြချင်တာကတော့ မုန့်ဆိုင်တန်းတွေ နားမှာ တွေ့ရတဲ့ ဆိုင်လေးတစ်ခုပါပဲ။ အဲဒီဆိုင်လေးရဲ့ အမည်က Recycle station လို့ ဂျပန်လို katakana နဲ့ရေးထားပါတယ်။

ဒီလိုနဲ့ မုန့်ဝယ်စားလိုက် တီးဝိုင်းတွေဘက် ပတ်ကြည့်လိုက်နဲ့ မှောင်စပျိုး လာခဲ့ပါပြီ။ ပွဲတော်ကြီးကတော့ ဂီတသံတွေနဲ့ ဂီတချစ်သူတွေနဲ့ စည်ကားနေဆဲပါပဲ။
မမတို့ နိုင်ငံမှာလဲ ပျော်ရွှင်စရာ ကောင်းလှတဲ့ မြန်မာ့ရိုးရာ ပွဲတော်တွေကို စည်းကမ်းရှိစွာ၊ သန့်ရှင်းသပ်ရပ်စွာ ဆင်နွှဲနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ လို့ အိမ်အပြန် လမ်းမှာ တွေးတော လာမိပါတယ်။
http://www.sentabi.jp/1000/0007/0000/1000000700000002.html
No comments:
Post a Comment