Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, January 21, 2011

ဆန် (၂ )ဆန် လျောင်းတော်မူ ရုပ်ပွားတော်


ကျမရဲ့ မေမေ စာတိုက်ကနေ ပို့ ပေးလိုက်တဲ့ "ဆန်( ၂) ဆန် လျောင်းတော်မူ ရုပ်ပွားတော်" ပုံကို လာလည်ကြတဲ့ သူငယ်ချင်းများ ကြည်ညို ဖူးမြော်နိုင်စေဖို့ မျှဝေပေးပါရစေနော်။
ပုံပေါ်ကို ကလစ်နှိပ်ပြီး အနီးကပ်ဖူးမြော်နိုင်ပါတယ်။ မြန်မာပြည် ပြန်ရောက်လို့ အခွင့်ကြုံ
တဲ့ အခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန် တောင်ခြေက သစ္စာဝေဒဂူ မိုးကုတ် ၀ိပဿနာ တရားစခန်းမှာ သွားရောက်ဖူးမြော်နိုင်ပါတယ်။
အပေါ်က ဓာတ်ပုံက ဘုရားထုပြီးခါစ အချောမသတ် ရသေးတဲ့ ပုံဖြစ်တယ်တဲ့ ။
အခုတော့ အချောသတ်အားလုံးပြီးသွားပီး သိမ်ကျောင်းတစ်ခုထဲမှာ သပ္ပာယ်စွာ စံတော်မူနေပါတယ် တဲ့။
မေမေပို့လိုက်တဲ့ ဓာတ်ပုံ ရဲ့ နောက်ကျောဘက်မှာ ကုက္ကိုပင်အသားကနေ ထုလုပ်ထားတဲ့ လျောင်းတော်မူ ဘုရားကြီးရဲ့ ထူးဆန်း အံ့သြဖွယ်ရာ ကောင်းလှတဲ့ သမိုင်းအကျဉ်းပါရှိပါတယ်။ ပုံပေါ်ကို ကလစ်နှိပ်ပြီး ဖတ်ရှု ကြည်ညိုကြပါရှင်။

Friday, December 5, 2008

၁၉၅၈ ခုနှစ်က မန္တလေး သီးခြားတက္ကသိုလ်(ဦးလူနီ-ပါမောက္ခချုပ်ငြိမ်း)



ရှေ့မှာ ဖော်ပြခဲ့တဲ့ “မစုကို ခံစားခြင်း” ဆိုတဲ့ မေမေရဲ့ စာလေးနဲ့အတူ ကျွန်မရဲ့ မေမေ ပို့လိုက်တဲ့ စာအိတ်ထဲမှာ သတင်းစာဖြတ်ပိုင်းလေး တစ်ခုလဲ ပါပါတယ်။ ၃၀-၁၀-၂၀၀၈ ရက်နေ့စွဲထုတ် မန္တလေးနေ့စဉ်သတင်းစာ မှာပါခဲ့တဲ့ ဆောင်းပါးဖြတ်ပိုင်းလေးဖြစ်ပါတယ်။ အဲဒီဆောင်းပါးလေးကို ဝေမျှပေးပါရစေ။



ဒီဆောင်းပါးလေး ကိုဖတ်ပြီး တက္ကသိုလ်ကြီး တစ်ခုဖြစ်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေပြုလုပ်ရတာ တော်တော်အချိန်ယူခဲ့ရပြီး လွယ်ကူလှတဲ့ အလုပ်တစ်ခု မဟုတ်ဘူးဆိုတာကို နားလည်ခံစားမိပါတယ်။ မန္တလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာကြီး ၊ ဆရာမကြီးများကို ရည်မှန်းကန်တော့လိုက်ပါတယ်။
မန်းတက္ကသိုလ်က သူငယ်ချင်းများလဲ နောက်ထပ် အလွမ်းပြေ ထပ်ဖတ်လိုက်ပါအုံးနော်။ ဗဟုသုတလဲရ အလွမ်းလဲပြေပေါ့။



မန္တလေးတက္ကသိုလ်ပုံလေးကို ပို့ပေးတဲ့ မမကြီးကို ကျေးဇူးတင်ပါတယ်။

Posts with same label

Related Posts with Thumbnails