Friday, February 4, 2011

မေမေနာယူသော တရားများ-၎

မီးငယ်လေးရေ...
ဒီနေ့ မေမေနာယူတဲ့ တရားကလဲ အလွန်မှတ်သားထိုက်တဲ့ တရားပါပဲ။ ဆရာတော်ကြီးဟာ ရဟန္တာပုဂိုလ်ကြီး ဖြစ်လို့ သူရဲ့တရားတွေဟာ ဘာမှ အပိုမပါဘူး။ အကျိုးအကြောင်းပြပြီး သိပ်ဟောတတ်ပါတယ်။
ဗျာဓိဆိုတဲ့ နာခြင်းတရားကလဲ မေမေတို့ ခန္တာကိုယ်ထဲမှာ အမြဲ နှိပ်စက်နေပါတယ်တဲ့။ ထိုင်နေရင်း ထလိုက်ရ၊ ထရင်းက ထိုင်လိုက်ရ၊ ညောင်းလိုက်ရ၊ ပူလိုက်ရ နဲ့ ဗျာဓိဆိုတဲ့ နာခြင်းတရားလဲ အမြဲရှိနေပါတယ်။ ဘုရားရှင်က သစ္စာသိအောင် မိမိကိုယ်ကို သုံးသပ်ရမယ်လို့ ဟောပါတယ်။

သစ္စာမသိလို့ သံသရာရှည်ရတယ်။ အကြောင်းသစ္စာ၊ အကျိုးသစ္စာ ခွဲခြားသိတတ်ရပါမယ်။
မေမေတို့မှာ ဘာကြောင့် ဇရာဗျာဓိနှိပ်စက်နေရတာလဲလို့ သုံးသပ်ကြည့်တော့ ခန္တာငါးပါး ရှိလို့ဖြစ်ရတယ်။
ခန္တာငါးပါးသည် အကြောင်း သမုဒယသစ္စာ
ဇရာမရဏသည် အကျိုး ဒုက္ခသစ္စာ ဖြစ်တယ်။

ခန္တာငါးပါး  ဘာကြောင့် ဖြစ်ရတာလဲလို့ သုံးသပ်ကြည့်ပြန်တော့ တဏှာကြောင့် ဖြစ်ရတယ်တဲ့။ တဏှာ ဘယ်ကလာလဲလို့ ဆက်ပြီး သုံးသပ်ကြည့်ပြန်တော့ ခင်ရာမင်ရာက လာပါတယ်။ ခင်ရာမင်ရာ ဆိုတာက အယတန ၁၂ပါး (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊ တွေးတောစိတ်) နဲ့ ဓာတ် ၁၈ပါး တို့ကိုခေါ်တာပါ။
ခင်ရာမင်ရာကိုဖြတ်မှ ခင်တာမင်တာဆိုတယ် တဏှာပြတ်ပါတယ် တဲ့။
ခင်ရာမင်ရာကိုဖြတ် ဖို့ကတော့ ၀ိပဿနာရှုရပါမယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး မိန့်တော်မူခဲ့တဲ့အတိုင်း ၀ိပဿနာရှုပွားခြင်းဟာ ဘုရားရှင် အကြိုက်ဆုံး ဘုရားရှင်အား ပူဇော်ခြင်းပါပဲ။

ဒီတော့ လောကလူသားတွေကို သံသရာမှ ကျွတ်လွတ်စေလို၍ ဘုရားဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့ရတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို နေ့စဉ် ၀ိပဿနာတရား ကျင့်ကြံခြင်းဖြင့် ပူဇော်ကြပါစို့လား။
28th May,2009

Posts with same label

Related Posts with Thumbnails