Friday, February 4, 2011

မေမေနာယူသော တရားများ-၃

မီးငယ်လေးရေ...
ဒီနေ့ မေမေနာယူတဲ့ တရားကတော့ ကြွက် (၄)မျိုး ရှိတယ်တဲ့။
ပထမအမျိုးအစားက တွင်းကိုတော့ တူးတတ်တယ်၊ တွင်းမအောင်းတတ်ဘူး။
ဒုတိယအမျိုးအစားက တွင်းမတူးတတ်ဘူး။ ဒါပေမဲ့ တွင်းအောင်းတတ်တယ်။
တတိယအမျိုးအစားက တွင်းလဲ မတူးတတ်ဘူး။ တွင်းလဲမအောင်းတတ်ဘူး။
စတုတ္တအမျိုးအစားက တွင်းလဲ တူးတတ်တယ်။ တွင်းလဲအောင်းတတ်တယ်တဲ့။

ပထမအမျိုးအစားက ဘာနဲ့တူသလဲဆိုတော့ ပရိယတ် စာတွေ တော့ တတ်တယ်။ ဒါပေမဲ့ ၀ိပဿနာ မကျင့်ဘူး။ ဒီတော့ တွင်းမအောင်းတတ်လို့ အန္တရာယ်မကင်းဘူး။ အပါယ် ၄ ပါးကျနိုင်တယ်တဲ့။

ဒုတိယအမျိုးအစားကတော့ မေမေတို့လို ယောဂီတွေနဲ့ တူတယ်တဲ့။ ပဋိကတ်၊ ပရိယတ်စာတွေတော့ မတတ်ဘူး။ ဒါပေမဲ့ ဆရာဘုန်းကြီများ တူးထားတဲ့ တစ်နည်း နည်းပြညွှန်ကြားမှုအောက်မှာ တွင်းအောင်းတတ် ကြတယ်။ ၀ိပဿနာကျင့်ကြံအားထုတ်လို့ အပါယ်အန္တရာယ်ကင်းသတဲ့။

တတိယအမျိုးအစားကတော့ စာလဲမတတ်၊ ၀ိပဿနာလဲ မလေ့လာ မကျင့်ကြံတတ်လို့ အပါယ်အန္တရာယ် ရှိသတဲ့။

စတုတ္ထအမျိုးအစားကတော့ မိုးကုတ်ဆရာတော်ကြီလိုမျိုး ပရိယတ်လဲတတ်၊ ပဋိပတ်လဲ ကျင့်ကြံတဲ့ ပုဂိုလ်မျိုးကို ဆိုလိုပါတယ်။

ဒါကတော့ တရားအစပိုင်းမှာ ရှင်းပြချက်လေးပါပဲ။ တရားရဲ့ အနှစ်သာရကတော့ ဖြစ်ပျက်တွေကိုသာ ရှုနေပါ။ ဖြစ်ပျက်တွေ တစ်ချိန်ကျရင် ဆုံးသွားတာကို တွေ့ရလိမ့်မယ်။ အဲဒီအချိန်မှာတော့ သောတာပန် ဖြစ်မှာပါ။
ဒီတော့ ထချင်ရင်လဲ ထချင်တဲ့ စိတ်လေးကို ကြည့်ပါ။ ကြည့်လိုက်တော့ ထချင်တဲ့ စိတ်ဟာ မရှိတော့ဘူး။ အဲဒီလိုသာ အမြဲသတိထားပြီး ရှုနေပါ။ ကဲဒီလောက်ပဲ ဆရာတော်ကြီ ဟောတဲ့တရားကို အကျည်းချုပ် ရေးလိုက်ပါတယ်။
(25th May,2009)

Posts with same label

Related Posts with Thumbnails