ကျမရဲ့ မေမေ စာတိုက်ကနေ ပို့ ပေးလိုက်တဲ့ "ဆန်( ၂) ဆန် လျောင်းတော်မူ ရုပ်ပွားတော်" ပုံကို လာလည်ကြတဲ့ သူငယ်ချင်းများ ကြည်ညို ဖူးမြော်နိုင်စေဖို့ မျှဝေပေးပါရစေနော်။
ပုံပေါ်ကို ကလစ်နှိပ်ပြီး အနီးကပ်ဖူးမြော်နိုင်ပါတယ်။ မြန်မာပြည် ပြန်ရောက်လို့ အခွင့်ကြုံ
တဲ့ အခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန် တောင်ခြေက သစ္စာဝေဒဂူ မိုးကုတ် ၀ိပဿနာ တရားစခန်းမှာ သွားရောက်ဖူးမြော်နိုင်ပါတယ်။
အပေါ်က ဓာတ်ပုံက ဘုရားထုပြီးခါစ အချောမသတ် ရသေးတဲ့ ပုံဖြစ်တယ်တဲ့ ။
အခုတော့ အချောသတ်အားလုံးပြီးသွားပီး သိမ်ကျောင်းတစ်ခုထဲမှာ သပ္ပာယ်စွာ စံတော်မူနေပါတယ် တဲ့။
မေမေပို့လိုက်တဲ့ ဓာတ်ပုံ ရဲ့ နောက်ကျောဘက်မှာ ကုက္ကိုပင်အသားကနေ ထုလုပ်ထားတဲ့ လျောင်းတော်မူ ဘုရားကြီးရဲ့ ထူးဆန်း အံ့သြဖွယ်ရာ ကောင်းလှတဲ့ သမိုင်းအကျဉ်းပါရှိပါတယ်။ ပုံပေါ်ကို ကလစ်နှိပ်ပြီး ဖတ်ရှု ကြည်ညိုကြပါရှင်။