Sunday, February 6, 2011

မေမေနာယူသောတရားများ-၅

မီးငယ်လေးရေ...
ဒီနေ့ မေမေနာကြားရတဲ့ တရားကတော့ နိဗ္ပာန်သွား လမ်းပြမြေပုံတဲ့။
ဆရာတော်ကြီးက မေမေတို့တွေဟာ နိဗ္ပာန်ကိုတော့ ရောက်ချင်ကြတယ်။ လယ်လမ်းကဘယ်လို သွားရမလဲလို့ တွေးဆနေကြရတယ်တဲ့။ ဒီတော့ ဆရာတော်ကြီးက လမ်းပြမြေပုံ တစ်ခုပေးလိုက်ပါတယ်။ နိဗ္ပာန်ရောက်ဖို့ သမ္မာဒိဌိ (မှန်ကန်စွာသိခြင်း) က အရေးကြီးဆုံး ဖြစ်ကြောင်း မှတ်ထားကြရမယ်။ သမ္မာဒိဌိရဖို့ကတော့ တရားနာပြီး မှန်ကန်စွာ နှလုံးသွင်းမှု ရှိရမယ်။
အဲဒီ တရားကလဲ ဘယ်လိုတရားမျိုးလဲဆိုရင် နိသတ္တနိဇီဝတရားဖြစ်ရမယ်။ နိသတ္တနိဇီဝတရား ဆိုတာက သတ္တ၀ါမဟုတ်၊ ရုပ်နာမ်ဘဲ။ မိမိခန္တာ၊ သားသမီးခန္တာ၊ မိမိပစ္စည်း ဆိုတာတွေမရှိဘူးလို့ ဆိုတဲ့ တရားမျိုးကို ဆိုလိုပါသတဲ့။

မေမေတို့ တစ်တွေဟာ သံသရာမှာ မြေပုံ ပျောက်ခဲ့ကြလို့ ဘုရားအဆူဆူနဲ့ လဲလွဲခဲ့ရသလို အပါယ် ၄ဘုံမှာလဲ ကျင်လည်ခဲ့ကြရတယ်။
မြေပုံပျောက်ရင် ဒီဌိရောက်မယ်။
ဒိဌိရောက်ရင် အိုနာသေနဲ့ တွေ့ရမယ်။
အိုနာသေက တဏှာကလာတယ်။
တဏှာက ခင်ရာမင်ရာကလာတယ်။
ခင်ရာမင်ရာသည် ရုပ်နာမ် ဓမ္မဖြစ်ပျက် တွေပဲလို့ သိနေမှ မြေပုံမပျောက်မှာတဲ့။

မေမေက ဆရာတော်ကြီးပေးတဲ့ နိဗ္ပာန်လမ်းပြမြေပုံ ကို သမီးတို့တွေအတွက် ကော်ပီကူးပေးလိုက်ပါပြီ။
အိုနာသေဘေးမှ လွတ်ဖို့ သေချာသိမ်းထားပြီး ကျင့်ကြံပါ။
(29th May, 2009)

Posts with same label

Related Posts with Thumbnails