Wednesday, February 25, 2009

နှင်းမုန်တိုင်း၏နောက်ဝယ်-

မုန်တိုင်းပြီးရင် လေပြေလာစမြဲတဲ့။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ(၃၁)ရက် ၊ စနေနေ့က ဂျပန်နိုင်ငံရဲ့ နေရာတိုင်းလိုလိုမှာ ရာသီဥတုဆိုးဝါးခဲ့ပါတယ်။ ကျွန်မနေတဲ့ မြို့မှာတော့ အဲဒီနေ့တစ်နေ့လုံး လေကြမ်းတွေ တိုက်ပြီး နှင်းတွေကျတာပါပဲ။ အပြင်ဘက်ထွက်ပြီး အမှိုက်ပစ်ချင်တာတောင် ဘယ်လိုမှမထွက်ရဲအောင် ရာသီဥတုက ဆိုးဝါးလှပါတယ်။ ချမ်းလိုက်တာလဲ အလွန်ပဲ။
ညပိုင်းရောက်တော့ လေတိုက်တာရော၊ နှင်းကျတာရော ရပ်သွားတယ်။ အိမ်နဲ့ တက္ကသိုလ်ကလဲ နီးနီးလေးဆိုတော့ တစ်နေကုန် အခန်းလေးထဲမှာ ကုပ်နေခဲ့ရတဲ့ ကျွန်မ အညောင်းပြေအညာပြေ ကျောင်းဘက်သွားအုံးမှ ဆိုပြီး အပြင်ကိုထွက်လိုက်ပါတယ်။

နှင်းကျပြီးကာစမှ တွေ့ရတဲ့ ရှုခင်းက သိပ်လှတာပဲ။ ညပိုင်းလဲဖြစ်နေတော့ သစ်ပင်၊ သစ်ခက်လေးတွေပေါ်မှာ တင်နေတဲ့ နှင်းလေးတွေရဲ့ ရှုခင်းက တကယ့်ကို မမေ့နိုင်စရာမြင်ကွင်းပါပဲ။ ကျွန်မတို့ နိုင်ငံမှာ မမြင်နိုင်တဲ့ ရှုခင်းပေါ့ ။ အိမ်တစ်ခေါက် ကင်မရာပြန်ယူပြီး နှင်းကျပြီးစမြင်ကွင်းလေးတွေကို မှတ်တမ်းတင်ထားလိုက်ပါတယ်။

ဒီလိုပဲ ရုန်းကန်ကြိုးစားမှုတွေ၊ ပင်ပန်း ခက်ထန်မှုတွေ၊ ခါးသီးတဲ့အတွေ့အကြုံတွေရဲ့နောက်မှာ မိမိလိုချင်တဲ့ အောင်မြင်မှုဆိုတာ ရှိနေမှာပါ။

No comments:

Posts with same label

Related Posts with Thumbnails