Friday, November 14, 2008

လက်တွဲကူညီခြင်း မှတ်တမ်း (၃)

လှူဒါန်းခြင်း(၁)

လေဘေးဒုက္ခသည်တွေ အတွက် လက်ခံရှိခဲ့တဲ့ အလှူငွေတွေကို (၂) ကြိမ်ခွဲပြီး လှူဒါန်းခဲ့ပါတယ်ရှင်။

ပထမအကြိမ် အနေနဲ့ Care Internationl Japan ဆိုတဲ့ NGO အဖွဲ့ ကိုဆက်သွယ်ပြီး လှူဒါန်းခဲ့ပါတယ်။
ကျွန်မတို့ဟာ ဂျပန်လူမျိုးတွေဆီက အလှူငွေကောက်ခံ ရရှိခဲ့တာဖြစ်လို့ ဒီငွေတွေကို အသုံးပြုတဲ့ နေရာမှာ သူတို့တွေ အထင်အမြင် လွဲမှားမှုမရှိအောင် စဉ်းစားခဲ့ကြပါတယ်။
အဲဒီတော့ ခိုင်မာတဲ့ အဖွဲ့အစည်း၊ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့ အစည်း၊ ပြီးတော့ ဂျပန် နိုင်ငံမှာလဲ ရှိတဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ခုထံမှာ လှူဒါန်းရင် ပိုပြီးသင့်လျော်မယ် လို့ အားလုံးက သဘောတူခဲ့ကြပါတယ်။
အဲဒီတော့ Mori Volunteer အဖွဲ့ ကအမျိုးသမီးကြီးများထံမှာ အကြံဥာဏ် တောင်းခံခဲ့တဲ့အခါ သူတို့ရဲ့ အကြံပေးချက်အရ Care International Japan ကို ဆက်သွယ်ပြီး ၃၀-၅-၂၀၀၈ နေ့မှာ ၁၃၀၃၀၄ ယန်း ပေးပို့လှူဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီအဖွဲ့ ဟာ နိုင်ငံတကာမှာ ရုံးခန်းတွေဖွင့်ထားပြီး ကူညီထောက်ပံရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ NGO အဖွဲ့ တစ်ခုပါ။
မြန်မာနိုင်ငံမှာလဲ Care Myanmar ဆိုတဲ့ အမည်နဲ့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာဒေသတွေကို သွားရောက်ပြီး မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့လဲဖြစ်တယ်။
ဒီမှာ ကြည့်နိုင်ပါတယ်။ (ဂျပန်ဘာသာဖြင့်သာ)
http://www.careintjp.org/worldmap/myanmar.html
http://www.careintjp.org/news/newsrelease_080805.html

ဒါကတော့ Care International Japan ရဲ့ ကျေးဇူတင်လွှာနဲ့ Receipt ပါ။

လှူဒါန်းခြင်း (၂) ကို ဆက်လက် မှတ်တမ်းတင်ပါအုံးမယ်။

No comments:

Posts with same label

Related Posts with Thumbnails