ဂျပန်မှာ အသီးအနှံတွေက သူရာသီနဲ့သူ သီးကြပွင့်ကြတယ်။ ဆာကူရာလို့ ခေါ်တဲ့ ချယ်ရီပန်းလေးတွေက ၃လပိုင်းအကုန် နဲ့ ၄လပိုင်းမှာ ပွင့်ကြပြီး ၅ လိုက်ပိုင်းလောက်ကနေ ၇ လပိုင်း အကုန်လောက်ထိကတော့ ဆာကူရမ်ဘို (Sakuranbo) လို့ခေါ်တဲ့ ချယ်ရီသီးတွေ သီးတဲ့ အချိန်ပေါ့။ ချယ်ရီသီးနီနီလေးတွေက အရသာချိုမြမြလေး ရှိပြီး မြင်ရတာနဲ့ကို စားချင်စဖွယ်လေး။
ချယ်ရီသီးတွေ အများဆုံးသီးတဲ့ နေရာက ရာမဂတ ခရိုင်၊ ဟီဂရှိနဲ့ မြို့ပါ။ ဂျပန်နိုင်ငံမြောက်ပိုင်း ကျွန်မနေတဲ့ မြို့ကနေ ဘစ်ကားနဲ့ တစ်နာရီ၊ မိနစ်၂၀ လောက်ပဲ သွားရပါတယ်။ ရထားနဲ့ သွားမယ်ဆိုရင်လဲ Sakuranbo Higashine Station ထိသွားလို့ ရပါတယ်။ အဲဒီမြို့မှာ ချယ်ရီခြံတွေ အများကြီးရှိတယ်။ ဟီဂရှိနဲ့မြို့က ချယ်ရီသီးတင် မကပါဘူး။ ပန်းသီး၊ သစ်တော်သီးနဲ့ မိုမိုလို့ ခေါ်တဲ့ Japanese peach တွေ အများဆုံးထွက်တဲ့ ဒေသဖြစ်လို့ အသီးများရဲ့ ဘုရင်မြို့ လို့တောင် တင်စားခေါ်ဝေါ် လို့ရပါတယ်။ ၅လိုက်ပိုင်းကနေ ၇လပိုင်းထိက ချယ်ရီ၊ ၈လ နဲ့ ၉ လပိုင်းက မိုမို လို့ခေါ်တဲ့ Japanese Peach၊ ၈လပိုင်းကနေ ၁၀လပိုင်းအထိက စပျစ်သီး -Grapes ၊ ၁၁လနဲ့ ၁၂လပိုင်းက ဂျပန်လို ラ。フランス(Rafuransu) လို့ခေါ်တဲ့ သစ်တော်သီး နဲ့ ၉လပိုင်းကနေ ၂ လပိုင်း အထိကပန်းသီးတွေ လှိုင်လှိုင် သီးတဲ့ အချိန်တွေပေါ့။
ဂျပန်ရောက်တာ ၄နှစ်ကျော်ခဲ့ပေမယ့် ချယ်ရီသီးပင်တွေသီးနေတဲ့ ချယ်ရီပင်တွေကို ဖြတ်သွားဖြတ်လာ ကားပေါ်ကပဲ လှမ်းကြည့်ဖူးခဲ့တယ်။ ပန်းပွင့်တဲ့ ချယ်ရီပင်တွေက အမျိုးအစား အမျိုးမျိုးရှိတယ်။ ကျွန်မကျောင်းသွားတဲ့ လမ်းမှာ ရှိတဲ့ ချယ်ရီပင်မှာလဲ အနက်နဲ့ အနီရောင်ရောနေတဲ့ ချယ်ရီသီး သေးသေးလေးတွေသီးနေတာတွေ့ရပေမဲ့ စားလို့မရဘူး။ ဒီတော့ ချယ်ရီသီးတွေကို စားလို့ ရအောင် တစ်ပင်နဲ့ တစ်ပင် မျိုးစပ်ပြုပြင်ပြီး စိုက်ပျိုးလိုက်တော့ စားချင်စဖွယ် ချယ်ရီသီးပင်လေးတွေ ဖြစ်လာတယ်လို့ သိရပါတယ်။
ဒီနှစ်တော့ ရာမဂတမြို့က သူငယ်ချင်းမမကြီးရဲ့ အော်ခစန် ကလိုက်ပို့လို့ ချယ်ရီခြံကို ရောက်ဖူးခဲ့ပြီး ချယ်ရီသီးပင်လေးတွေ၊ သစ်ကိုင်းမှာ တွဲလွဲခိုနေကြတဲ့ နီနီရဲရဲ ချစ်စရာ ချယ်ရီးသီးလေးတွေ ကို အနီးကပ် မြင်ခွင့်ရ၊ ခူးစားခဲ့ရလို့ ပုံလေးတွေကို မျှဝေပါရစေ။
ဟီဂရှိနဲ့ မြို့ရဲ့ အထိမ်းအမှတ် ရုတ်တု (ချယ်ရီသီးခိုင်လေး ကိုင်ထားတဲ့ပုံ)
လမ်းတစ်လျှောက်မှာ ဒီလိုမျိုးချယ်ရီသီးခြံတွေ အများကြီး တွေ့ခဲ့ရတယ်။
ဝင်ခဲ့တဲ့ ချယ်ရီခြံ
ချယ်ရီသီးလေးတွေကို ဒီလိုမျိုး အလေးချိန်နဲ့ အရွယ်အစားကို ခွဲပြီး.
ရောင်းဖို့အတွက် သတ်မှတ်ထားတဲ့ အလေးချိန်ချိန်ပြီး ဗူလေးတွေထဲကို ထည့်တယ်။
ဂျပန်မှာတော့ အသီးအနှံတွေက အသားငါးထက် ပိုဈေးကြီးတယ်။ ချယ်ရီသီး ဗူးလေးတစ်ဗူးကို ယန်း ၅၀၀ ပေးရပါတယ်။
ကျွန်မတို့ သွားတဲ့ အချိန် မိုးသည်းသည်းရွာနေခဲ့ပေမဲ့ ချယ်ရီပင်တွေက ပလပ်စတစ် အမိုးအောက်မှာဆိုတော့ ချယ်ရီသီးလေး ခူးစားလိုက်၊ ဓာတ်ပုံ ရိုက်လိုက်နဲ့ ပျော်ရွှင်စရာ တနင်္ဂနွေနေ့လေး တစ်ရက် ဖြစ်ခဲ့ပါတယ်ရှင်။
သြော်မေ့လို့ ...ချယ်ရီသီးလေးတွေ ကြိုက်သလောက်ခူးပြီး သုံးဆောင်သွားကြပါအုံးနော်။....
6 comments:
တို့ဆီတော့ ရာမဂတနဲ့ ဝေးတော့ ချယ်ရီသီးကို အဲလိုကောင်းကောင်းမွန်မွန် စားရဘူး။ ကောင်းတာကလည်း ဈေးက ကြီးဆိုတော့..။
မနေ့က ၃၅၀ နဲ့ ဆူပါမှာ ဈေးချထားလို့ သွားစားသေးတယ်။ ဈေးချိုတော့လည်း သိတဲ့အတိုင်း တအားစားမကောင်းဘူး။ မစားရတာထက်စာရင်တော့ ကျေနပ်သွား၏။။
ချယ်ရီသီးလေးတွေ သွားစားဖို့ခေါ်တဲ့ အဲဒီ မမကြီးကို ပြောလိုက်ပါ..။ သုဒ္ဒေါရေးဖို့ မေ့တဲ့အတွက် ရှင်ခန်းဖြတ်ပဲ သူငယ်ချင်းလို့.. ဟွန်း
အိုး.. ချယ်ရီသီးလေးတွေက ချစ်ဖို့ကောင်းလိုက်တာ
ဒီမှာလည်း ချယ်ရီသီးရှိတယ် ဒါပေမဲ့ ဈေးကြီးလို့တစ်ခါတစ်ရံမှ စားဖြစ်တယ်..
ခုလိုပုံလေးတွေနဲ့ ဖော်ပြထားပေးတာ ကျေးဇူးတင်လိုက်တာ.. တကယ်ပါဘဲ..
အော် စကားမစပ်..
တို့ရဲ့ အစိမ်းရောင်လွင်ပြင် ဘလော့က လင့်ပြောင်းသွားပြီ..
အရင်အဟောင်းက ပျက်သွားလို့လေ..
အသစ်လေး ပြန်ပြောင်းချိတ်ပေးပါနော်..
ခင်မင်စွာ
မချော
တယ်ရင်း လသာည စိတ်လျှော့ပါကွယ်..မကျေနပ်ရင် ဒီကိုလာဖို့ အချိန်မှီသေး၏။ :P
ဟုတ်တယ်။ အပင်ကခူးစားရတဲ့ အသီးက သိပ်မချိုသလိုပဲ။ ၀ယ်စားရတဲ့ အသီးက ပိုချိုတယ်။
ညီမလေး ချော..လင့်ခ်ပြောင်းချိတ်ထားပြီးပါပြီ။..ကျေးဇူးပါနော်။ :)
ချယ်သီမြေမှ ချယ်ရီသီးလေးများကို လက်ရဲဆက်ရဲခူး ဆွတ် သုံးဆောင်သွားပါကြောင်း
ချယ်ရီသီးလေးတွေက ရှယ်ပဲ..။
အများကြီးခူးသွားပါတယ်...၊
Zay Tar Yar နဲ့ မောင်လေး
ချယ်ရီသီးလေးတွေခူးသွားတယ်ဆိုလို့ ၀မ်းသာကျေးဇူးတင်ပါတယ်ရှင်။
Post a Comment