Sunday, May 17, 2009

သူတို့......ချမ်းသာလိုက်ပုံများ

ပြီးခဲ့တဲ့ မတ်လက conference တက်ဖို့ တိုကျို မှာရှိတဲ့ တက္ကသိုလ်တစ်ခုကို ရောက်ခဲ့ပါတယ်။ Rikkyo University ဖြစ်ပါတယ်။ ဂျပန်မှာ National University နဲ့ Private University ဆိုပြီးရှိပါတယ်။ Rikkyo University ကတော့ Private University ဖြစ်ပြီး Ikebukuro မြို့လယ်မှာ တည်ရှိပါတယ်။

Campus ထဲမှာ ကြီမားခိုင်ခံလှပတဲ့ ရှေးဟောင်း အဆောက်အဦးတွေ အများကြီးတွေ့ရတယ်။ တက္ကသိုလ် တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၃၅ နှစ် ပြည့်တော့မယ် သိရပါတယ်။ စာတမ်းဖတ်ကြားတဲ့ အခန်းတွေထဲက ကိုယ့်နဲ့ ပတ်သက်တဲ့၊ စိတ်ပါဝင်စားတဲ့ အခန်းတွေ ကိုရွေးချယ်ပြီး သွားရောက် နားထောင်ကြပါတယ်။ ပထမဆုံးရက် မနက်ပိုင်း ကျွန်မသွားခဲ့တဲ့ အခန်းတွေ (Lecture Room) က ပုံမှန် အခန်းတွေဖြစ်ပေမဲ့ နောက်တစ်ရက်မှာ ရောက်သွားခဲ့တဲ့ Lecture Room ကတော့ ကျွန်မကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။

ကျယ်ဝန်းလှတဲ့ အခန်းကျယ်ကြီးထဲမှာ လူတစ်ဦးစီအတွက် စားပွဲခုံနဲ့ ကုလားထိုင် တစ်လုံးစီ ရှိပြီး စားပွဲရဲ့ အဖုံးကို လှန်ကြည့်လိုက်ရင် Laptop တစ်လုံး ရှိတယ်။ Internet connection လဲရတယ်။ နားကြပ်လဲရှိတယ်။
စားပွဲတိုင်းမှာ Laptop တစ်လုံးစီရှိတာ။ ရေတွက်ကြည့်လိုက်တော့ စုစုပေါင်း ၁၈၀ လုံးတောင်...


အဲဒီလိုမျိုး Lecture Room တွေက ဒီတစ်ခန်းထဲ မဟုတ်ပါတဲ့။ ဘယ်နှစ်ခန်းရှိလဲတော့ မသိခဲ့ဘူး။
သူတို့...ချမ်းသာလိုက်ပုံများ နော်...

Posts with same label

Related Posts with Thumbnails