တိုကျိုမှာ နေကြတဲ့သူတွေ ဒီနေရာကို သိတဲ့ သူတွေလဲ ရှိကြမယ်လို့ထင်ပါတယ်။ မသိသေးတဲ့သူတွေလဲ သွားလည်လို့ရတာပေါ့နော်။
အဲဒီစေတီလေး တည်ရှိတဲ့ နေရာကတော့ Yomiuri Land လို့ခေါ်တဲ့ နေရာမှာ တည်ရှိပါတယ်။
Yomiuri Land (よみうりレンド) က ဘူတာနာမည်ပါ။ Shinjuku(新宿)ကနေ Keio လိုင်း(京王線)ကိုစီးပြီး Chofu (調布)ဘူတာမှာ ရထား ပြောင်းစီးရပါတယ်။ ဂျပန်လို Yomi = ဖတ်သည်။ Uri = ရောင်းသည် လို့ အဓိပ္ပာယ်ရပြီး အဲဒီဘူတာမှာ သတင်းစာရောင်းတဲ့အခါ အရေးကြီးတဲ့သတင်းတွေ၊ ထူးဆန်းတဲ့သတင်းတွေကို ဖတ်ပြပြီး ရောင်းခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီနာမည်ဖြစ်လာတာလို့ ညီမလေးက ပြောပြပါတယ်။
တကယ်တမ်းတော့ Yomiuri Land က ကစားကွင်းနာမည်လဲ ဖြစ်ပါတယ်။ တောင်ပေါ်မှာ တည်ရှိတဲ့ အတွက် ဘစ်ကားနဲ့ သွားရင်လဲ ရတယ်။ ဘူတာကထွက်တာနဲ့ တောင်ခြေကနေ Cable car နဲ့ အဲဒီကစားကွင်းရှိတဲ့ နေရာကို အတက်အဆင်းလုပ်ရင်လဲရပါတယ်။
စေတီရှိတဲ့ နေရာကို သွားချင်ရင် ကစားကွင်းထဲဝင်ပြီးမှ သွားလို့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့သွားတဲ့ ရက်က ကစားကွင်းထဲဝင်ဖို့ ကလေး၊ လူငယ် အုပ်စုတွေ အများကြီး တန်းစီနေကြပါတယ်။ ကစားကွင်းထဲဝင်ဖို့အချိန်လဲ နည်းနေတာနဲ့ Cable car ပေါ်ကပဲ ဖူးမြော်ခဲ့ရပါတယ်။ ကစားကွင်းထဲဝင်ရင် တစ်နေကုန်နေနိုင်မှ တန်မှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကစားကွင်း ၀င်ကြေးက တစ်ယောက် ၃၉၀၀ယန်းတဲ့။ ဈေးကြီးတယ်နော်။
ဂျပန်ရောက်ပြီးမှ စေတီပုထိုးကို ပထမဆုံး ဖူးမြော်ခွင့်ရခဲ့တဲ့ အတွက် အလွန်ပဲ ၀မ်းသာပျော်ရွှင်မိပြီး အဲဒီနေရာလေးကို ညွှန်ပြခေါ်ဆောင်သွားပေးတဲ့ ညီမလေးခိုင်ကို အထူး ကျေးဇူးတင်ပါတယ်။
ု
1 comment:
教えてくれてありがとうございます。行ってみます。 :P
Post a Comment