မောင်လေး NY အပျင်းပြေဖတ်ဖို့-
ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မမနေတဲ့ Sendai မြို့မှာ ကျင်းပခဲ့တဲ့ Jazz Festival ကိုသွားခဲ့တဲ့အကြောင်း ပြောပြချင်တယ်။ အယင်နှစ်တွေက ဒီပွဲတော်ရှိတယ် ဆိုတာကြားမိပေမယ့် မသွားဖြစ်ခဲ့ပဲ ဒီနှစ်မှပဲ ပထမဆုံးအကြိမ် သွားဖြစ်တော့တယ်။ အဲဒီပွဲတော်ကို Kotodai ပန်းခြံ နဲ့ အဲဒီပန်းခြံ နားက Johzenji ဆိုတဲ့ လမ်းမကြီး တစ်လျောက်မှာ ကျင်းပတယ်။ အဲဒီပန်းခြံနဲ့ Johzenji လမ်းမကြီးကတော့ Sendai မြို့ မှာ ပွဲတော်တွေ အမျိုးမျိုး ကျင်းပတဲ့နေရာပေါ့။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလရဲ့ ဒုတိယအပတ် စနေနဲ့တနင်္ဂနွေနေ့ မှာ မနက် ၁၁နာရီလောက်ကစပြီး ည ၉နာရီလောက်ထိ ကျင်းပကြတယ်။ ဒီပွဲတော်ကို အနယ်နယ် အရပ်ရပ်က တီးဝိုင်း အဖွဲ့တွေ အများကြီး လာပြီးတီးမှုတ်ကြတယ်။ စုစုပေါင်း တီးဝိုင်းအဖွဲ့ ၇၀၀ကျော် လောက် ရှိတယ်။ Jozenji လမ်းမကြီးက ဘေးတစ်ဘက်တစ်ချက်မှာ သစ်ပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လမ်းလယ်ခေါင်မှာလဲ အတော်ကျယ်တဲ့ လမ်းလယ်ကျွန်းရှိပြီး အဲဒီကျွန်းရဲ့ တစ်ဘက်တစ်ချက်မှာလဲ သစ်ပင်ကြီးတွေက စီတန်းနေတယ်။ သစ်ပင်တွေရဲ့အလယ် ကျွန်းပေါ်မှာ လူတော်တော်များများ လမ်းလျှောက်လို့ရတဲ့ လမ်းလေးရှိပြီး ထိုင်ခုံလေးတွေ လဲရှိတယ်။ဒီလိုနဲ့ လမ်းမကြီးတစ်လျောက် လှည့်ပတ်နားထောင်ရင်း ဗိုက်ဆာလာတာနဲ့ မုန့်ဆိုင်တွေရှိတဲ့ Kotodai ပန်းခြံ ဘက်ကို ထွက်ခဲ့တယ်။

Kotodai ပန်းခြံ ထဲမှာတော့ တီးဝိုင်းအဖွဲ့ကြီးတွေက စင်မြင့် ကြီးပေါ်မှာ တီးခတ်ဖျော်ဖြေနေတာ တွေ့ရတယ်။
ဒီဘက်မှာလဲမုန့်ဆိုင်တန်းတွေ၊ အဖျော်ရမကာဆိုင်တန်းတွေနဲ့ လူတွေတိုးမပေါက်အောင် စီကားနေတယ်။ ဘာစားရမလဲ လိုက်ရှာရင်း မုန့်ဆိုင်တန်း တစ်ခှုရှေ့မှာ လူတန်းရှည်ကြီး တန်းစီနေတာတွေ့လို့ ဘာဆိုင်လဲလို့ကြည့်လိုက်တော့ Sendai မြို့ရဲ့ နာမည်ကြီး စားစရာ တစ်မျိုးဖြစ်တဲ့ ဂရူတန်း(နွားလျှာ) ယာခိ(အကင်) ဆိုင်ဖြစ်နေပါပေါ့လား။

ယာခိနိခု(အသားကင်)ဆိုင်တွေလဲ အများကြီးပဲ။ ဂျပန်ရိုးရာ မုန့်ဆိုင် တွေလဲ အများကြီးပဲ။ မမတို့ဆီက မုန့်လင်မယား (မုန့်အုပ်ကလေး) နဲ့ပုံစံတူတဲ့ မုန့်လဲရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့မုန့်က မုန်နှစ်ကို မုန့်လုပ်တဲ့ ခွက်ကလေးတွေထဲ လောင်းထည့်ပြီး တကောလို့ခေါ်တဲ့ ရေဘ၀ဲ အသားတွေကို သေးသေးလေး တုံးပြီးထည့်တယ်။
Kotodai ပန်းခြံ ထဲမှာတော့ တီးဝိုင်းအဖွဲ့ကြီးတွေက စင်မြင့် ကြီးပေါ်မှာ တီးခတ်ဖျော်ဖြေနေတာ တွေ့ရတယ်။
မမ အဓိကထား ပြောပြချင်တာကတော့ မုန့်ဆိုင်တန်းတွေ နားမှာ တွေ့ရတဲ့ ဆိုင်လေးတစ်ခုပါပဲ။ အဲဒီဆိုင်လေးရဲ့ အမည်က Recycle station လို့ ဂျပန်လို katakana နဲ့ရေးထားပါတယ်။
မမတို့ နိုင်ငံမှာလဲ ပျော်ရွှင်စရာ ကောင်းလှတဲ့ မြန်မာ့ရိုးရာ ပွဲတော်တွေကို စည်းကမ်းရှိစွာ၊ သန့်ရှင်းသပ်ရပ်စွာ ဆင်နွှဲနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ လို့ အိမ်အပြန် လမ်းမှာ တွေးတော လာမိပါတယ်။
http://www.sentabi.jp/1000/0007/0000/1000000700000002.html